ဇူလိုင်လ (၁)ရက်။
မနေ့က ညနေ(၅)နာရီအချိန်မှာ ခင်ဦးမြို့ပေါ်က စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်း၀င်လာခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၂၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဒုတပ်ကြပ်ဖြစ်သူ ကျော်စိုးဟာ ခင်ဦးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတပ်ကြပ် ကျော်စိုးဟာ MA1 သေနတ် (၂)လက်အပါအ၀င် ကျည် (၂၁၀)တောင့်၊ ကျည်ဘောက် (၄)ခုနဲ့ လက်ပစ်ဗုံး တစ်လုံးနဲ့အတူ အလင်း၀င်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုအခါ အလင်း၀င်လာတဲ့ ဒုတပ်ကြပ် ကျော်စိုးကိုလွတ်မြောက်နယ်မြေတခုကို ပို့ဆောင်နိုင်ဖို့ စစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။
ခင်ဦးမြို့ပေါ်ရှိ ပြည်သု့ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မကြာခဏဆိုသလို အနီး၀န်းကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။