အောက်တိုဘာလ (၁)ရက်။
ဒီကနေ့ နံနက် (၅)နာရီ (၂၀)မိနစ်ခန့်က မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့ နှလုံးကုသဆောင်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်သတင်းတွေအရ သိရပါတယ်။
“ မန္တလေးဆေးရုံ နှလုံးကုသဆောင်မှာ လောင်တာလို့ သိရတယ်။ ဝါယာရှော့ဖြစ်တာထင်တယ်။ မီးသတ်ကတော့ တရားဝင်ထုတ်ပြန်တာမရှိသေးဘူး” လို့ မြို့နေသူတစ်ဦးက ဆိုပါတယ်။
ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံရဲ့ နှလုံးကုသဆောင် မီးလောင်ကျွမ်းတာကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တွေက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ်(၂၀)ကျော်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။
မန္တလေးပြည်သူ့ဆေးရုံရဲ့ နှလုံးကုသဆောင် မီးလောင်ကျွမ်းတဲ့ဖြစ်စဉ်ထဲ လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို မန္တလေးပြည်သူ့ဆေးရုံရဲ့ နှလုံးကုသဆောင် မီးလောင်ကျွမ်းတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးတဲ့အခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။