နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

စပိန်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ လူသေအများဆုံး ရေဘေးကပ်ဆိုက်ခြင်း

နိုဝင်ဘာလ (၁) ရက်။

စပိန်နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် အင်္ဂါနေ့က ပြင်းထန်သည့် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပြီး တချို့နေရာများ၌ နာရီအနည်းငယ်အတွင်း မိုးရေ ၁၂ လက်မအထိ ရွာသွန်းခဲ့ပြီးနောက် ရုပ်အလောင်းအများအပြားကို တွေ့ရှိခဲ့ပါသည်။

ဗလင်စီယာမြို့မှ ဗီဒီယိုဖိုင်တွင် လမ်းများတစ်လျှောက် ရွှံ့ရောင်ရေများ လျှံတက်လာကာ နံရံများကို ဖြိုဖျက်ကာ ရပ်ထားသည့်ကားများကို ဖယ်ရှားရှင်းလင်း တွန်းတိုက်သွားကြောင်းကို တွေ့ခဲ့ရသည်။

ဗလင်စီယာ၏ ဒေသဆိုင်ရာခေါင်းဆောင် ကားလို့စ်မာဇွန်က ကယ်ဆယ်ရေးအဖွဲ့များသည် ရေကြီးမှုကြောင့် ပြတ်တောက်သွားသောဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ စတင်ရောက်ရှိချိန်တွင် ရုပ်အလောင်းအချို့ တွေ့ရှိခဲ့ကြောင်း သတင်းထောက်များအား ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ကံမကောင်းစွာဖြင့်၊ အလောင်းအချို့ကို တွေ့ရှိထားပြီး ကျွန်တော်တို့ အတည်ပြုနိုင်သော်လည်း မိသားစုတွေကို လေးစားတဲ့အတွက် နောက်ထပ်အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ ပြောကြားမည် မဟုတ်ကြောင်း မာဇွန်မှ ပြောကြားခဲ့သည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ် (Pedro Sánchez) က ရေလွှမ်းမိုးမှုကြောင့် အတိအကျ မဖော်ပြထားသော လူအများအပြား ပျောက်ဆုံးနေကြောင်းနှင့် မလိုအပ်ပါက လှည့်ပတ်သွားလာခြင်းမှ ရှောင်ကြဉ်ကြရန် နိုင်ငံသားများအား “သတိကြီးစွာထားရန်” တောင်းဆိုပန်ကြားခဲ့သည်။

La Moncloa နန်းတော်အရ စပိန်အစိုးရသည် အကျပ်အတည်းဆိုင်ရာ ကော်မတီတစ်ရပ်ကို အင်္ဂါနေ့တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းကို ဆန်ချက်ဇ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှစတင်ကာ အရပ်ဘက်အစောင့်တပ်ဖွဲ့၊ အမျိုးသားရဲတပ်ဖွဲ့၊ မြို့ပြကာကွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် စစ်ဘက်အရေးပေါ်ဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

စပိန်နိုင်ငံ၏ မိုးလေဝသအေဂျင်စီ AEMET ၏ အဆိုအရ ဗလင်စီယာတစ်ဝိုက် အပါအဝင် အချို့နေရာများအတွက် အင်္ဂါနေ့တွင် ပြင်းထန်သော မိုးသတိပေးချက်တွေ သက်ရောက်မှု ရှိခဲ့သည်။ အဆိုပါသတိပေးချက်များသည် ၁၂ နာရီအောက်နည်းသော မိုးရွာသွန်းမှု ၂၀၀ မီလီမီတာ (၈ လက်မ) အလားအလာကို တောင်းဆိုခဲ့သည်။

အချို့နေရာများတွင် မိုးရေချိန်ခန့်မှန်းချက်သည် အချိန်တိုတိုအတွင်းပင် ကျော်လွန် သွားပါသည်။ ဗလင်စီယာ (Valencia) ၏အရှေ့ဘက်ရှိ ချီဗာ (Chiva) သည် လေးနာရီအတွင်း မိုးရွာသွန်းမှု ၃၂၀ မီလီမီတာ ရရှိခဲ့ကြောင်း ဥရောပ၏ ဆိုးဝါးပြင်းထန်သော မိုးလေဝသတိုင်းတာသည့်ဒေတာ (European Severe Weather Database) အရ သိရသည်။ ဗလင်စီယာဧရိယာသည် အောက်တိုဘာလတစ်လလုံးအတွက် ပျမ်းမျှ ၇၇ မီလီမီတာ (၃.၀၃ လက်မ) ရှိသည်။

အချို့နေရာများတွင် မိုးရွာသွန်းမှု ၁၀၀ မီလီမီတာ (၄ လက်မ) ကျော်ရွာသွန်းခဲ့ပြီး မာဆီယာ(Murcia) နှင့် မာလာဂါ(Malaga) မြို့များအနီးတစ်ဝိုက်တွင် ရေကြီးရေလျှံမှုများလည်းရှိကြောင်း သိရသည်။

စပိန်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု သတိပေးချက်များသည် ဗုဒ္ဓဟူးနေ့အထိ ဆက်လက်ဖြစ်ပွားနေကြောင်း AEMET မှ သိရသည်။ ဗလင်စီယာမြောက်ပိုင်းတွင် သတိပေးချက်များသည် ၁၀၀ မီလီမီတာ (၄ လက်မ) နှင့် မိုးရေချိန် ၃၀ မီလီမီတာ (တစ်နာရီလျှင် ၁.၁၈ လက်မ) အတွက်ဖြစ်သည်။

စပိန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဒေသများတွင် သီတင်းပတ်ကုန်အထိ မိုးသည်းထန်စွာရွာမည့် အန္တရာယ်ကို မြင်တွေ့ရမည် ဖြစ်သည်။

ပြင်းထန်သော သမိုင်းဝင်မိုးရွာသွန်းမှုအပြီး စပိန်တွင် ယခုသီတင်းပတ်အတွင်း လှုပ်ခတ်သွားခဲ့သော လူအသေအပျောက်များသော ရေလွှမ်းမိုးမှုမှာ ဧရိယာသည် အလွန်ကျယ်ပြန့်ပြင်းထန်ပြီး အာကာသမှ ကြည့်လျှင် ကုန်းတွင်းပင်လယ်တစ်ခုသဖွယ် ဖြစ်နေသည်။

စပိန်နိုင်ငံ အရှေ့အလယ်ပိုင်းတွင် အင်္ဂါနေ့တွင် နာရီပိုင်းအတွင်း မိုးရွာသွန်းခဲ့ပြီး မြစ်ကမ်းပါးများကို ဖြိုပျက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လမ်းများကို တဟုန်ထိုး အရှိန်နှင့်ရေများတိုးဝင်လာကာ ကားများနှင့် တံတားများ မျောပါသွားခဲ့သည်။

ရုပ်ကြွင်းလောင်စာဆီ ညစ်ညမ်းမှုကြောင့် ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ပြင်းထန်သောမိုးရွာသွန်းမှု အမျိုးအစားမှာ ရေကြီးရေလျှံမှုများတွင် အနည်းဆုံး လူ ၁၅၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

မကြုံစဖူးမိုးရွာသွန်းမှုကြောင့် ခြောက်သွေ့သောမြေကို ရေပြင်ကျယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားစေပြီးနောက် ယခုအခါ အဆိုပါဧရိယာ၏ အစိတ်အပိုင်းများသည် ဘားလီရာရစ် (Balearic) ပင်လယ်၏ တိုးချဲ့မှုတစ်ခုသဖွယ်ဖြစ်နေကြောင်း အောက်တိုဘာ ၃၀ ရက်က ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများတွင် ဖော်ပြသည်။

ရေလွှမ်းမိုးမှုများသည် အပြာရောင်အရိပ်များအဖြစ် ပေါ်လာပြီး ခြောက်သွေ့သောမြေ (အညိုရောင်နှင့် အစိမ်းရောင်) ကို ယခုလ အစောပိုင်းတွင် ဖုံးအုပ်ထားသည်ဟု ပုံရိပ်များက ဖော်ပြသည်။ ကုန်းတွင်းပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ သိသိသာသာ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံလာမှုကြောင့် ကမ်းရိုးတန်းဒေသများကို ကျွန်းများအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေသည်။

ဗလင်စီယာ၏မြို့လယ်ခေါင်မှ တောင်ဘက်ပိုင်းကိုဖြတ်သည့်လအစောပိုင်းက ဂြိုလ်တုဓာတ်ပုံတွင် ထင်သာမြင်သာမရှိသော ရေလမ်းများကို ယခုအခါ အပြာရောင်တောက်တောက်ဖြင့် မီးမောင်းထိုးပြထားပြီး ၎င်းတို့သည် မည်မျှကျယ်ပြန့်လာနေကြောင်း ဖော်ပြနေသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး ကြာသပတေးနေ့အထိ လူဒါဇင်နှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်သည်။

See insights and ads

Boost post

All reactions:

1414

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက