နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရ ဖွဲ့စည်း

ဖေဖော်ဝါရီလ (၂) ရက်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ချင်းပြည်ကောင်စီ (Chinland Council) က ချင်းပြည်အစိုးရ ဖွဲ့လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး (CNF) က ဦးဆောင်ပြီး CNF ကိုယ်စားလှယ် (၂၇) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦး၊ မြို့နယ်နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်စားလှယ် (၆၈) ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ကနေ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ချင်းပြည်ကောင်စီ ပထမအကြိမ်ညီလာခံမှာ အတည်ပြုခဲ့တဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဝန်ကြီးဌာန ၁၄ ခု ပါဝင်တယ်လို့ ချင်းပြည်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံးက ဝန်ကြီးချုပ်အဖြစ် NLD မတူပီလွှတ်တော်အမတ် Pu Pa Thang, နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါက်တာ Sui Khar, ကာကွယ်ရေးဝန်ကြီးအဖြစ် Pu Thawng Za Lian, ပြည်ထဲရေးဝန်ကြီးအဖြစ် Pu Robin, ရှေ့နေချုပ်အဖြစ် ဒေါက်တာ Tial Hnin နဲ့ အခြားဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးလိုက်တာလို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ “ပူးဇင်ကျုံး” ဟာ ချင်းအမျိုးသားတပ်ဦး (CNF) မှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ အဲ့ဒီဥက္ကဋ္ဌကပဲ အစိုးရအဖွဲ့တာဝန်ယူမယ့်သူတွေကို ရွေးချယ်ခန့်အပ်နိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီအတွင်းရေးမှူးအဖြစ် ဆလိုင်းပေါလ်က တာဝန်ယူထားပြီး ချင်းပြည်ကောင်စီဟာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြင့်ဆုံးမှာရှိပြီး မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဖြစ်တယ်လို့ ဆိုထားပါတယ်။ ချင်းပြည်ကောင်စီရဲ့အောက်မှာ အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးနဲ့ ကာကွယ်ရေးကဏ္ဍတို့ရှိတယ်လို့ ဆိုထားပါတယ်။

ချင်းပြည်ကောင်စီနဲ့ အစိုးရဖွဲ့ဖို့ ကြိုးပမ်းမှုကို ကန့်ကွက်တဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ရှိပါတယ်။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၊ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) နဲ့ နောက်ပိုင်းမှာ ပါဝင်လာတဲ့ CDF-ကန်ပက်လက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကြေညာချက်ထဲမှာ တပ်ရင်း ၇ ရင်းရှိတဲ့အနက် တပ်ရင်း ၅ ရင်းက ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ချင်းပြည်ကောင်စီကတော့ သူတို့ ကောင်စီဖွဲ့လိုက်တဲ့နေ့မှစပြီး ICNCC ရဲ့ လုပ်ငန်းတာဝန်တွေကို လွှဲပြောင်းရယူသွားမှာလို့ ဆိုပေမယ့် ICNCC က လက်မခံနိုင်ကြောင်း၊ ICNCC ကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်ကောင်စီ၊ ဘယ်အဖွဲ့အစည်းကမှ ဖျက်သိမ်းခွင့် မရှိကြောင်းနဲ့ ဘယ်သူကိုမှ လွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကြေညာချက် ထုတ်ခဲ့ပါတယ်။

CNF ဟာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကနေ နုတ်ထွက်လိုက်ပြီးနောက် ညီလာခံကျင်းပပြီး ချင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်ပြီးနောက် ထမအကြိမ်ညီလာခံမှာ အတည်ပြုလိုက်တဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုလို အစိုးရဖွဲ့စည်းလာတာဖြစ်ပါတယ်။

ICNCC အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ Chin Charter ကို ပြင်ဆင်နေပြီး ချင်းပြည်အစိုးရကို ထူထောင်သွားမှာဖြစ်တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရဖွဲ့လိုက်ပေမယ့် ICNCC က လက်မခံဘဲ ချင်းပြည်အစိုးရဖွဲ့မှာလို့ ပြောထားပါတယ်။

အချက်အလက်။

ချင်းပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ ပလက်ဝမြို့နယ်အပါအဝင် ချင်းပြည်နယ်တစ်ခုလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်ထောင်စုလွှတ်တော်နေရာအတွက် မဲဆန္ဒနယ် ၂၁ ခုမှာ နေရာ ၂၀ အထိ အနိုင်ရရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် သုံးရပ်လုံးအတွက် မဲဆန္ဒနယ် ၃၉ ခုရှိတဲ့အနက် NLD ပါတီက ၃၆ နေရာအထိ အနိုင်ရရှိခဲ့တယ်လို့ အရင်စာရင်းများအရ သိရပါတယ်။

ဓာတ်ပုံအညွှန်းများ။

ချင်းပြည်ကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့မှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ “ပူးဇင်ကျုံး”

ချင်းပြည်အစိုးရဓာတ်ပုံများနဲ့ သက်ဆိုင်ရာ ကြေညာချက်များ။

ချင်းပြည်အစိုးရအဖွဲ့ ဓာတ်ပုံမှတ်တမ်းများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 16 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 15 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို