နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားနိုင်ငံ မြို့တော်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်တပ်မှူးနှစ်ဦးအပါအဝင် ၇ ဦး သေဆုံး၊

ဧပြီလ (၂) ရက်နေ့။

ဧပြီလ (၁) ရက်နေ့က ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အီရန်၏ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် တပ်မှူး ၂ ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ယင်းအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်တွင် ပါရှိသည်။

အသတ်ခံရသူများမှာတော်လှန်ရေးအစောင့်တပ်မှူး Mohamed Reza Zahedi နှင့် တပ်မှူး Mohammad Hadi Hadji Rahimi တို့ ဖြစ်သည်။

ဒမတ်စကတ်ရှိ အီရန်သံအမတ် Hossein Akbari က အဆိုပါ အဆောက်အဦအား အစ္စရေး F-35 တိုက်လေယာဉ်များမှ ဒုံးကျည်ခြောက်စင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ သံတမန်ဝန်ထမ်းများနှင့် စစ်ဘက်အကြံပေးများ အပါအဝင် လူခုနစ်ဦးအထိ သေဆုံးခဲ့သည်။ ဆီးရီးယား ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အသေအပျောက်အရေအတွက်နှင့် ပတ်သက်၍ CNN မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆီးရီးယားအစိုးရပိုင် ဆီးရီးယားအာရပ်သတင်းအေဂျင်စီ (SANA) ကလည်း ထိုနေ့တွင်ပင် ဒမတ်စကတ်မြို့ရှိ အဆောက်အအုံတစ်ခုအား အစ္စရေးက တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင် ဆီးရီးယား အာရပ်သတင်းအေဂျင်စီ (SANA) က ဖော်ပြခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် CNN မှ မေးမြန်းရာတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြည်ပသတင်းများအပေါ် မှတ်ချက်မပေးကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံပိုင်သတင်းဌာန Press TV မှ ထုတ်ပြန်သည့် အခင်းဖြစ်ပွားရာ ဗီဒီယိုတွင် ပျက်စီးနေသော အဆောက်အဦများ၊ မီးနှင့် မီးခိုးများ ပြသထားသည်။

အသတ်ခံခဲ့ရသော ဇာဟီဒီသည် ယခင်က တော်လှန်ရေးအစောင့်တပ်၏ မြေပြင်နှင့် လေတပ်များကို ဦးဆောင်ခဲ့ပြီး အဆိုပါအဖွဲ့၏ ဒုတိယစစ်ဆင်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ Haji Rahimi သည် တော်လှန်ရေးအစောင့်တပ်၏ Quds Force ၏ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအစောင့်တပ်၏ ကြေညာချက်တွင် သေဆုံးသွားသော အခြားလူငါးဦး၏ အမည်များကို ထုတ်ပြန်ခဲ့သည်။

Source; CNN, The Journaltics

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 19 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ
ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 38 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ
နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ ကြောက်မက်ဖွယ် အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း CNN သို့ ပြောကြားခဲ့ပြီး၊ အမျိုးသမီးတစ်ဦးကမူ ဆေးရုံတစ်ခုအတွင်း၌
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စီးပွားရေးကျပ်တည်းမှုကြောင့် စတင်ခဲ့သော ဆန္ဒပြပွဲများသည် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပိုမိုပြင်းထန်လာပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအဖြစ်သို့ ကူးပြောင်းလာနေသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 32 Views
ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆ခုနှစ် အောက်ပါတို့မှာ လက်ရှိအချိန် (ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆) အထိ ဖြစ်ပေါ်နေသော နောက်ဆုံးအခြေအနေများဖြစ်သည်။ ၁။ ဆန္ဒပြပွဲ၏ အဓိကအကြောင်းရင်းနှင့် ပျံ့နှံ့မှု စီးပွားရေးပြိုလဲမှု: အီရန်ငွေကြေး (Rial)
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏