နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်

အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့် ၎င်း၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းပုံအပေါ် သိသာထင်ရှားသော ကန့်ကွက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

ဒီမိုကရက်များသည် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးတွင် ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် အကြိမ်ကြိမ် မဲခွဲရန် ဖိအားပေးခဲ့ကြပြီး၊ ယင်းလှုပ်ရှားမှုသည် မကြာသေးမီ သီတင်းပတ်များအတွင်း ရီပတ်ပလီကန် (GOP) အမတ်များ၏ ထောက်ခံမှုကို တဖြည်းဖြည်း ပိုမိုရရှိလာခဲ့သည်။

မဲရလဒ်မှာ ၂၁၅ မဲ၊ ၂၀၈ မဲ ဖြစ်ပြီး၊ ရီပတ်ပလီကန် အောက်လွှတ်တော် အမတ်များ ဖြစ်ကြသည့် သောမတ်စ် မက်ဆီ (Thomas Massie)၊ ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ် (Brian Fitzpatrick)၊ တွမ် ဘားရက်တ် (Tom Barrett) နှင့် ဝါရင် ဒေးဗစ်ဆန် (Warren Davidson) တို့က ပါတီစည်းကမ်းကို ကျော်လွန်၍ အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြသည်။

“လူတွေ တကယ်ပဲ စိတ်ပျက်နေကြပြီလို့ ကျွန်တော် ထင်ပါတယ်” ဟု စစ်ပွဲကြောင့် ၎င်း၏ မဲဆန္ဒရှင်များ ခံစားနေရသည့် ဒုက္ခနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဘားရက်တ်က ပြောကြားခဲ့သည်။

ကင်တပ်ကီပြည်နယ်မှ ရစ်ပတ်ဘလစ်ကန်အမတ် မက်ဆီသည် ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ အီရန်တွင် ထရမ့် စစ်ပွဲဆင်နွှဲနေခြင်းကို ကာလရှည်ကြာ ဝေဖန်ခဲ့သူ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ မဲခွဲမှုအပြီးတွင် သူက “လူတွေ ဒါကို ငြီးငွေ့နေကြပြီ။ တစ်ဂါလန်ကို ၅ ဒေါ်လာ ပေးနေရတဲ့ ဓာတ်ဆီဈေး၊ တစ်ဂါလန်ကို ၆ ဒေါ်လာ ပေးနေရတဲ့ ဒီဇယ်ဈေးတွေနဲ့ ကင်တပ်ကီက ကျွန်တော်တို့ စိုက်ခင်းတွေထဲမှာ မသုံးနိုင်လောက်အောင် ဈေးကြီးနေတဲ့ မြေဩဇာတွေကြောင့် ငြီးငွေ့နေကြပြီ” ဟု ပြောကြားခဲ့သည်။ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် မဲခွဲဆုံးဖြတ်မှုသည် “ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်က ဒီစစ်ပွဲကို ငြီးငွေ့ နေပြီဆိုတဲ့ ကောင်းမွန်တဲ့ သဝဏ်လွှာကို ပေးပို့လိုက်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဖစ်ဇ်ပက်ထရစ်ကမူ ၎င်း၏ ထောက်ခံမဲကို ဥပဒေအတိုင်း လိုက်နာခြင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့သည်။
“ပြဌာန်းထားတဲ့ ဥပဒေတစ်ခု ရှိပါတယ်” ဟု ပင်ဆယ်ဗေးနီးယားပြည်နယ်မှ ရီပတ်ပလီကန် အမတ်က စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေ (War Powers Act) ကို ထောက်ပြရင်း ပြောကြားခဲ့သည်။ “ဒီအထဲမှာ ရှုပ်ထွေးစရာ ဘာရှိလဲဆိုတာ ကျွန်တော် မမြင်မိဘူး။ ကွန်ဂရက်လွှတ်တော်ကို တင်ပြပါ၊ အချက်အလက်တွေအပေါ် မူတည်ပြီး ငြင်းခုံပါ၊ ပြီးရင် မဲခွဲပါ။ ဒါဟာ စနစ်တစ်ခု အလုပ်လုပ်ရမယ့် ပုံစံပါပဲ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခြင်းသည် ရီပတ်ပလီကန် များ ထိန်းချုပ်ထားသော ကွန်ဂရက်လွှတ်တော်က ထရမ့်၏ အစီအစဉ်များကို နောက်ဆုံးအကြိမ် အဖြစ် ပြန်လည်တွန်းလှန်လိုက်ခြင်း ဖြစ်သည်။ မကြာသေးမီရက်ပိုင်းအတွင်း အထက်လွှတ်တော် ရီပတ်ပလီကန် အမတ်များသည် ထရမ့်ကအလိုရှိသော၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် အမေရိကန် ကာပီတိုလွှတ်တော်ကို တိုက်ခိုက်စဉ်အတွင်း ရဲဝန်ထမ်းများကို တိုက်ခိုက်ခဲ့သည့် ထရမ့် ထောက်ခံသူများကို ငွေကြေးထောက်ပံ့ရာ ရောက်သွားမည်ကို စိုးရိမ်နေကြသည့် အငြင်းပွားဖွယ်ရာ ဒေါ်လာ ၁.၈ ဘီလီယံတန် “လက်နက်သဖွယ် အသုံးချမှု ဆန့်ကျင်ရေး” (anti-weaponization) ရန်ပုံငွေနှင့် ပတ်သက်၍ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြ သည်။ အထက်လွှတ်တော် ရီပတ်ပလီကန် များသည် လွှတ်တော်၏ တရားဝင် စည်းမျဉ်း ထိန်းသိမ်းသူက ဘတ်ဂျက်စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ဆုံးဖြတ်ပြီးနောက်၊ ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေမူကြမ်း၏ အစိတ် အပိုင်းတစ်ခု အဖြစ် ထရမ့်၏ ကပွဲခန်းမ လုံခြုံရေးအတွက် ရန်ပုံငွေကိုလည်း တရားဝင် ပယ်ဖျက်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် အောက်လွှတ်တော်က အတည်ပြုခဲ့သည့် ပူးတွဲဆုံးဖြတ်ချက် (concurrent resolution) ဟု လူသိများသော ယခုအစီအမံကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုရမည် ဖြစ်သော်လည်း သမ္မတထံ လက်မှတ်ရေးထိုးရန် ပေးပို့မည်မဟုတ်ပေ။ အထက်လွှတ်တော်၏ ဝဘ်ဆိုက်အရ ပူးတွဲဆုံးဖြတ်ချက်များသည် ဥပဒေကဲ့သို့ အာဏာသက်ရောက်မှုမရှိကြောင်း သိရသည်။ သို့သော်လည်း စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် အောက်လွှတ်တော် ဒီမိုကရက်တစ် အကူအညီပေးသူ တစ်ဦးကမူ ဤဆုံးဖြတ်ချက်သည် စည်းနှောင်မှုရှိမည်ဟု ယုံကြည်ကြောင်းနှင့် ယင်းကို ဖြေရှင်းရန်မှာ ဥပဒေကြောင်းအရ ကိစ္စရပ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၏ ထိပ်တန်း အဖွဲ့ဝင် ဖြစ်သူ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂရက်ဂိုရီ မိခ်စ် (Gregory Meeks) က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

” ရီပတ်ပလီကန် ဘက်က အဖွဲ့ဝင်တချို့ မတ်တပ်ရပ်ပြီး ကန့်ကွက်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် တကယ်ပဲ ဝမ်းသာမိပါတယ်။ ကျွန်တော့်ရဲ့ ဒီမိုကရက်တစ် လုပ်ဖော်ကိုင်ဖက် တွေအတွက်လည်း တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရက်တစ်အမတ် တိုင်း၊ တစ်ဦးတစ်ယောက်မကျန် ဒီအဆိုကို ထောက်ခံမဲ ပေးခဲ့ကြလို့ပါပဲ” ဟု မိခ်စ်က မဲခွဲမှုအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့ဟာ မိမိတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတွေကို ဆက်လက် ထမ်းဆောင်သွားမှာပါ၊ အဲဒါကိုပဲ ကျွန်တော်တို့ လုပ်နေတာပါ။ အစိုးရအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာတဲ့အခါ ထိန်းကျောင်းမှုနဲ့ ဟန်ချက်ညီမှုကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

ဤမဲခွဲမှုကို မူလက မေလ ၂၁ ရက်နေ့တွင် ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း၊ အမတ်များ ပျက်ကွက်မှုကြောင့် ရီပတ်ပလီကန် များ မဲရှုံးတော့မည့် အခြေအနေသို့ ဆိုက်ရောက်ချိန်တွင် ရီပတ်ပလီကန် ခေါင်းဆောင်များက ရုတ်တရက် ဖျက်သိမ်းခဲ့သည်။ ထိုစဉ်က အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ် ဂျွန်ဆင် (Mike Johnson) သည် အဆိုပါအစီအမံအပေါ် မဲခွဲရန် အချိန်ဆွဲနေခဲ့သည်ဟု ထင်မြင်ကြောင်း မိခ်စ်က သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။

“ကျွန်တော့်ရဲ့ ရီပတ်ပလီကန် လုပ်ဖော်ကိုင်ဖက် အများအပြားဟာ နေအိမ်တွေမှာ စားသောက်ကုန်စရိတ်၊ စက်သုံးဆီစရိတ်တွေကို ကြည့်ပြီး ဖိအားတွေကို ခံစားနေကြရတယ်” ဟု သူက ယခင်က CNN သို့ ပြောကြားခဲ့ဖူးသည်။ “(ဂျွန်ဆင်) ဟာ ဖိအားတွေကို ခံစား နေရတယ်။ သူဟာ သမ္မတကို ကာကွယ်ပေးဖို့ ကြိုးစားနေတာ။ … ဒါပေမဲ့ သမ္မတကို သူ ကာကွယ်ပေးနိုင်တဲ့ အချိန်ဟာ အလျင်အမြန် ကုန်ဆုံးနေပြီလို့ ကျွန်တော် ထင်ပါတယ်”

ဗုဒ္ဓဟူးနေ့ မဲခွဲမှုမတိုင်မီတွင် ဂျွန်ဆင်က အီရန်တွင် ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ထိန်းချုပ်ရန် ကန့်ကွက်သည့် ရီပတ်ပလီကန် လွှတ်တော်အမတ်အချို့၏ ရပ်တည်ချက်ကို ကာကွယ်ပြောဆိုခဲ့ပြီး၊ ယင်းသည် ညှိနှိုင်းမှုများအပေါ် “အလွန်ဆိုးရွားသော” သက်ရောက်မှု ရှိနိုင်ကြောင်း သတိပေးခဲ့သည်။

“လက်ရှိအချိန်မှာ အစိုးရအဖွဲ့နဲ့ သေနာပတိချုပ်ထံကနေ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းကို ရုပ်သိမ်း လိုက်တာဟာ အလွန်အန္တရာယ်များတဲ့ အလားအလာတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ဒီအဆိုပြုချက် လုပ်ဆောင်နေတဲ့ အရာပါပဲ။ ဒါဟာ အဲဒီအခြေအနေမှာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုမှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ အသာစီးရမှုကို အားနည်းသွားစေ ပါတယ်။ ‘Operation Epic Fury’ က ပြီးဆုံးသွားပါပြီ” ဟု ၎င်းက ဗုဒ္ဓဟူးနေ့တွင် CNN သို့ ပြောကြားခဲ့သည်။

ရီပတ်ပလီကန် များ အပါအဝင် အချို့သော လွှတ်တော်အမတ်များက အစိုးရအဖွဲ့ထံမှ နောက်ထပ် အချက်အလက်များကို ရယူလိုကြောင်း ထုတ်ဖော်ပြောဆိုထားကြသော်လည်း၊ အီရန်နိုင်ငံရှိ အမေရိကန်၏ ရည်မှန်းချက်များအားလုံးကို “တိတိကျကျ သတ်မှတ်ထားပြီး”၊ “အောင်မြင်ပြီးမြောက်ခဲ့သည်” ဟု ဂျွန်ဆင်က အခိုင်အမာ ပြောကြားခဲ့သည်။

“သမ္မတဟာ အခုအချိန်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို အဆုံးသတ်ဖို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်မှာ ရှိနေပြီး၊ ဒါကို လုပ်ဆောင်နိုင်ဖို့ သူ့ကို လွတ်လပ်ခွင့် ပေးရပါမယ်။ အခုအချိန်မှာ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်ဟာ အချိန်အခါ မကျသေးသလို၊ နိုင်ငံအတွက် အလွန်အမင်း ဆိုးရွားပြီး အန္တရာယ်ရှိတဲ့ အရာတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပင်တဂွန်စစ်ဌာနချုပ်၊ နိုင်ငံခြားရေးဌာနနှင့် USAID (အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ) တို့မှ အထွေထွေစစ်ဆေးရေးမှူးများသည် အီရန်နှင့် ဖြစ်ပွားခဲ့သော အမေရိကန် စစ်ပွဲကို ပူးတွဲသုံးသပ်မှုတစ်ရပ် စတင်ခဲ့ပြီး၊ ရက်ပေါင်း ၆၀ ကျော်လွန်သော ပြည်ပ စစ်ဆင်ရေးများကို စုံစမ်းစစ်ဆေးရန် ဥပဒေအရ တာဝန်ပေးထားကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်သည် သိသာထင်ရှားလှသည်၊ အဘယ်ကြောင့်ဆိုသော် ယင်းစောင့်ကြည့်ရေးအဖွဲ့များက ဥပဒေကြောင်းအရ စစ်ပွဲသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့ပြီးကတည်းက ရက်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဟု ယုံကြည်နေခြင်းကို ပြသနေသောကြောင့် ဖြစ်သည်။ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေအရ သမ္မတသည် ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ အမေရိကန်တပ်ဖွဲ့ဝင်များကို တက်ကြွသော ပဋိပက္ခများအတွင်း ရက်ပေါင်း ၆၀ ထက်ပို၍ ထားရှိခွင့် မပြုထားပေ။

အစိုးရအဖွဲ့သည် အီရန်အပေါ် ဆင်နွှဲခဲ့သည့် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုအမည်ဖြစ်သော Operation Epic Fury အတွက် ထိုကဲ့သို့သော လွှတ်တော်ခွင့်ပြုချက်ကို မည်သည့်အခါမျှ တောင်းခံခဲ့ခြင်း မရှိပေ။ ကာကွယ်ရေးဝန်ကြီး ပီ့ဟက်ဂ်ဆက်သ် (Pete Hegseth) က သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလတွင် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့စဉ်က စစ်ပွဲ၏ ရက်ပေါင်း ၆၀ သတ်မှတ်ချက် နာရီသည် ယခုတဖန်”ပြန်လည်စတင် (reset)” ခဲ့သည်ဟု ၎င်းအနေဖြင့် နားလည်ထားကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

(ဓာတ်ပုံ – မတ်လ ၁၇ ရက်နေ့က Operation Epic Fury (မော်ကွန်းဝင်ဒေါသ စစ်ဆင်ရေး) ကို ထောက်ပံ့ကူညီရန်အတွက် Nimitz အဆင့်ရှိ လေယာဉ်တင်သင်္ဘော USS Abraham Lincoln ၏ ပျံသန်းမှုကုန်းပတ်ပေါ်တွင် အမေရိကန်ရေတပ်သားများ F/A-18F Super Hornet တိုက်လေယာဉ်တစ်စင်းအား လမ်းညွှန်မောင်းနှင်နေစဉ်။ အမေရိကန်ရေတပ် / အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် အများပြည်သူဆိုင်ရာ ဆက်ဆံရေးရုံး) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက