နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်

ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့် အလယ်ပိုင်းမြို့ဖြစ်သော ဒီနီပရို (Dnipro) တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ယင်းသည် လပေါင်းများစွာအတွင်း သေဆုံးသူအများဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်လာ ခဲ့သည်။

ယူကရိန်းအာဏာပိုင်များ၏ အဆိုအရ ညတွင်းချင်း တိုက်ခိုက်မှုအတွင်း မြို့တော်ကီးဗ်တွင် ၇ ဦးနှင့် ဒီနီပရိုတွင် ၁၆ ဦးအပါအဝင် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ကလေးငယ်နှစ်ဦးနှင့် တာဝန်ကျနေသည့် မီးသတ်ဒုတိယအရာရှိချုပ် မေဂျာ အန်တွန် ယာမိုလန်ကို (Maj. Anton Yarmolenko) လည်း ပါဝင်ခဲ့သည်။ စုစုပေါင်း လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ညဘက် လေကြောင်းရန်သတိပေးချက် ထွက်ပေါ်နေစဉ်အတွင်း မြေအောက်ဘူတာရုံများ၌ လာရောက်ခိုလှုံသူ အရေအတွက်မှာ မြို့တော်တစ်ခုတည်းတွင်တင် နေထိုင်သူ ၄၁,၀၀၀ ကျော်ရှိကြောင်း ကီးဗ်မက်ထရို (Kyiv Metro) အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းသည် မကြာသေးမီနှစ်များအတွင်း ညပိုင်း လေကြောင်းစီးနင်းမှု သတိပေးချက်အတွင်း မက်ထရိုမြေအောက်ရုံ၌ လူအများဆုံး လာရောက်ခိုလှုံသည့် မှတ်တမ်းဖြစ်ပြီး ဗုံးကြဲတိုက် ခိုက်မှု ၏ ပြင်းထန်သည့်အတိုင်းအတာကို ထင်ဟပ်နေသည်။

စစ်တပ်၏ ပြောကြားချက်အရ ဒရုန်းအစင်းရေ ၆၀၀ ကျော်နှင့် ခေတ်မီ ဟိုက်ပါဆိုးနစ် (အသံထက်မြန်သော) ဒုံးကျည်များအပါအဝင် ဒုံးကျည်အမြောက်အမြားကို ယူကရိန်း နိုင်ငံအတွင်းသို့ ပစ်ခတ်ခဲ့ပြီး အဓိက အရပ်ဘက် အခြေခံအဆောက်အအုံများကို ထိမှန် ခဲ့ကြောင်း သိရသည်။ ကီးဗ်မြို့အတွင်း ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ငါးခုနှင့် လူနေအိမ်နှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံ အများအပြား ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံခဲ့ရပြီး မီးလောင်မှုများဖြစ်ပွားခြင်း၊ မော်တော်ယာဉ်များ မီးစွဲလောင်ခြင်းနှင့် အပျက်အစီးများတွင် မူကြိုကျောင်းတစ်ခုပေါ်သို့ ကျရောက်ခြင်းများ ရှိခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုတိုက်ခိုက်မှုများကို “ပြင်းထန်စွာ ရှုတ်ချသည်” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူးဂျာရစ် (Stephane Dujarric) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေအရ တားမြစ်ထားပြီး ချက်ချင်းရပ်တန့်ရမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပါတယ်” ဟု ၎င်းက ဆိုသည်။

လောင်စာဆီပြတ်လပ်မှုနှင့် စီးပွားရေးအခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့သည့် ရုရှားရေနံ ပိုင်ဆိုင်မှုများအပေါ် ယူကရိန်းဘက်က နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို အကြောင်းပြလျက်၊ မော်စကိုသည် ယခုကဲ့သို့ စစ်ရေးအရှိန်မြှင့်တင်မည့် ခြိမ်းခြောက်မှု များအကြား အပြင်းအထန် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ကရင်မလင် နန်းတော်သည် ယူကရိန်းရှိ “သတ်မှတ်ထားသောနေရာများ” ကို “စဉ်ဆက်မပြတ် စနစ်တကျ တိုက်ခိုက်သွားမည်” ဟု သတိပေးခဲ့ရာ၊ ကီးဗ်ဘက်က “ရုရှားရဲ့ ခြိမ်းခြောက် အကျပ်ကိုင်မှု တွေကို” ပြန်လည်တုံ့ပြန်ရန် လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အင်္ဂါနေ့တွင် ထပ်မံတိုက်ခိုက်မှုများ ရှိလာနိုင် ကြောင်း သတိပေးခဲ့သည်။ “ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးသတင်းတွေအရ ဒီညမှာ နောက်ထပ် အကြီးအကျယ် တိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ညစဉ် ပြောကြားနေကျ ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ “ကျေးဇူးပြုပြီး လေကြောင်းရန် သတိပေးချက်တွေကို အထူးဂရုပြုကြဖို့ ကျွန်တော် တိုက်တွန်း နှိုးဆော် အပ်ပါတယ်”

လေကြောင်းကာကွယ်ရေးစနစ် ထောက်ပံ့မှု အကန့်အသတ်ရှိနေသောကြောင့် ရုရှားက ပစ်ခတ်သည့် “ဒုံးကျည်အများအပြားကို ကြားဖြတ်ပစ်ချနိုင်ခြင်း မရှိသေးကြောင်း” ပြည်သူများအနေဖြင့် ပိုမိုသတိထားကြရန် ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီလနှင့် မေလအကြားတွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားရေနံချက်စက်ရုံ ၁၅ ခုကို တိုက်ခိုက်ခဲ့ပြီး ရုရှား၏ အဓိကရေနံချက်လုပ်မှုစွမ်းရည်၏ ၄၀ ရာခိုင်နှုန်းကို ဖျက်ဆီး နိုင်ခဲ့ ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ CNN အနေဖြင့် အဆိုပါအစီရင်ခံစာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

နှစ်ဖက်စလုံး၏ လေကြောင်းတိုက်ခိုက်မှုများ မြင့်တက်လာခြင်းသည် မြေပြင်စစ်မျက်နှာတွင် အပြန်အလှန် ထိန်းချုပ်ထားနိုင်သည့် အခြေအနေမျိုး၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လေးနှစ်ကျော် ကြာမြင့်လာပြီးနောက် ရုရှား၏ အလုံးစုံကျူးကျော်စစ်သည် စစ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခြင်း၊ ဘဏ္ဍာရေးဆုံးရှုံးမှုများ စုပုံလာခြင်းနှင့် မော်စကို သိမ်းပိုက်ထားသည်ထက် ယူကရိန်းက နယ်မြေများကို ပိုမိုပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်လာနိုင်သည့် ရေရှည်ဆွဲကစားရသော စစ်ပွဲ (War of attrition) အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ အမေရိကန်အခြေစိုက် ပဋိပက္ခစောင့်ကြည့် လေ့လာရေးအဖွဲ့ ဖြစ်သည့် စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) ၏ အဆိုအရ ပြီးခဲ့သည့်လက ယူကရိန်းတပ်ဖွဲ့များ သည် ရုရှား၏ အသစ်တဖန် ထိုးစစ်ဆင်မှုကို အကြီးအကျယ် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

ပူတင်သည် ‘ယူကရိန်းကို သင်းချိုင်းပြင်ဖြစ်အောင် ချေဖျက်ဖို့ ကြိုးစားနေတယ်’
အင်္ဂါနေ့က ကီးဗ်မြို့တွင် မီးကျွမ်းနေသော ကားများသည် အပျက်အစီးများအောက်၌ နစ်မြုပ်နေပြီး ပြည်သူများသည် ပျက်စီးနေသော အရပ်ဒေသတစ်ဝိုက်ကို ဖြတ်သန်း သွားလာနေကြရသည်။ ဗီဒီယိုဖိုင်တစ်ခုတွင် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးသည် ပြတင်းပေါက် မျက်နှာစာတစ်ခုလုံး ဆိုးရွားစွာ ပျက်စီးသွားခဲ့သည့် ၎င်းတို့၏ တိုက်ခန်း အကြွင်းအကျန်များကို လိုက်လံရှင်းလင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။

ယူကရိန်းနိုင်ငံသား အများအပြားက အင်္ဂါနေ့အစောပိုင်းတွင် ကောင်းကင်ယံ၌ ဗုံးကြဲသံများ မိုးခြိမ်းသံကဲ့သို့ ဟိန်းညံနေစဉ်အတွင်း ၎င်းတို့၏ ပစ္စည်းများကို လိုက်လံသိမ်းဆည်းရန် ကြိုးစားနေကြရပြီး၊ ရပ်ကွက်အတွင်း မီးခိုးနက်များ အလိပ်လိုက် တက်လာခဲ့ပုံကို ပြန်လည်ပြောပြခဲ့ကြသည်။

အိမ်တံခါးဝကို လွင့်စင်သွားစေသည့် ပြင်းထန်သော ပေါက်ကွဲသံကြီးကြောင့် နိုးလာပြီးနောက် အမျိုးသားတစ်ဦးသည် အမှောင်ထဲတွင် စမ်းတဝါးဝါး ဖြစ်နေခဲ့သည်။ “ပေါက်ကွဲမှုက အရမ်း ပြင်းထန်လို့ အရာအားလုံး ကျွန်တော်တို့ဆီ လွင့်စင်လာတယ်” ဟု မီခိုင်လို ဆာတင်စကီး (Mykhailo Sartynski) က CNN သို့ ပြောကြားခဲ့သည်။ “ကျွန်တော့်ဇနီးအတွက် အရမ်း ထိတ်လန့်သွားခဲ့ရတယ်… အရာအားလုံး မီးလောင်နေခဲ့တာ”

အခြားဒေသခံတစ်ဦးဖြစ်သူ ကာရီနာ ကာဆာမာရာ (Karina Kasamara) ကလည်း ကနဦး ပေါက်ကွဲမှုကြောင့် “ပြတင်းပေါက်တွေ၊ ဝရံတာတွေနဲ့ အရာအားလုံး ကွဲကြေသွားခဲ့တယ်” ဟု ပြန်ပြောင်းပြောပြသည်။ “ခွေးက စင်္ကြံဘက်ကို ပြေးထွက်သွားပြီးတဲ့နောက် ငရဲပွက်သလို ဖြစ်သွားတော့တာပဲ။ (ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်) က ယူကရိန်းကို သင်းချိုင်းပြင် ဖြစ်အောင် ချေဖျက်ဖို့ ကြိုးစားနေတာ။ အခြေအနေအားလုံးက အဲဒီဘက်ကို ဦးတည်နေ တယ်လို့ ကျွန်မထင်တယ်”

ဒေသစံတော်ချိန် နံနက် ၇ နာရီခန့် ဘာလစ်စတစ်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း ကီးဗ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် လှုပ်ရှားမှုအားနည်းနေပုံရပြီး၊ မြို့လယ်ရှိ CNN ထုတ်လုပ်သူများသည် ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသော်လည်း လေကြောင်းရန် ကာကွယ်ရေးစနစ်များ တုံ့ပြန်ပစ်ခတ်သံကိုမူ မကြားရကြောင်း ပြောသည်။

မြို့တော်ဝန် ဗီတာလီ ကလစ်ရ်ကို (Vitali Klitschko) က ညတွင်းချင်း တိုက်ခိုက်မှုကို “အကြီးအကျယ် ရန်သူ့ထိုးစစ်” အဖြစ် ဖော်ပြခဲ့သည်။ ကလစ်ရ်ကို၏ အဆိုအရ ပိုဒီးလ်စကီး (Podilsky) ခရိုင်ရှိ အထပ်မြင့်တိုက်ခန်းတွဲတစ်ခုကို ရုရှားက “ဒုတိယအကြိမ် ထပ်ဆင့် တိုက်ခိုက်မှု” (Double tap strike) ပြုလုပ်ခဲ့ပြီးနောက် လူအများအပြား အပျက်အစီးများ အောက်တွင် ပိတ်မိနေမည်ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက စိုးရိမ်နေကြသည်။

ကီးဗ်ဒေသအုပ်ချုပ်ရေးမှူး မီကိုလာ ကာလတ်ရှ်နိခ် (Mykola Kalashnyk) ၏ ပြောကြားချက် အရ အနီးနားရှိ ဘူချာ (Bucha) မြို့တွင် နေအိမ်သုံးလုံး ပျက်စီးခဲ့သည့်အပြင် ဂိုဒေါင်များနှင့် လူနေထိုင်ခြင်းမရှိသော အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အရှေ့ဘက်စွန်း ခါကိဗ် (Kharkiv) မြို့တွင်လည်း ရုရှား၏ တိုက်ခိုက်မှုများ ရှိခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံတော် အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းလေတပ်၏ ထုတ်ပြန်ချက်အရ ရုရှားသည် ညတွင်းချင်း ယူကရိန်းသို့ ဒရုန်း ၆၅၆ စင်းနှင့် ဒုံးကျည် ၇၃ စင်းတို့ဖြင့် ပစ်ခတ်ခဲ့ပြီး ဒရုန်းအများစုနှင့် ဒုံးကျည် ထက်ဝက်ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ရုရှားသည် ခေတ်မီဆန်းသစ်သည့် ဇာကွန် (Zircon) ဟိုက်ပါဆိုးနစ်ဒုံးကျည် ရှစ်စင်းကို ယူကရိန်းသို့ ပစ်ခတ်ခဲ့သော်လည်း တစ်စင်းမျှ ကြားဖြတ်မပစ်ချနိုင်ခဲ့ကြောင်း လေတပ်က ပြောသည်။ ဇာကွန်ဒုံးကျည်များသည် ပစ်ချရန် မဖြစ်နိုင်သလောက်နီးပါးဖြစ်ကြောင်း ကျွမ်းကျင်သူများက ယခင်က CNN သို့ ပြောကြားခဲ့ဖူးသည်။

တိုက်ခိုက်မှု၏ အဓိကပစ်မှတ်များမှာ ကီးဗ်၊ ဒီနီပရို၊ ခါကိဗ်၊ ဇာပိုရီရှား (Zaporizhzhia) နှင့် ပိုတာဗာ (Poltava) မြို့များဖြစ်ကြောင်း လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် ထုတ်ပြန်ချက်၌ ၎င်းတို့၏ “အကြီးအကျယ် တိုက်ခိုက်မှု” သည် ယူကရိန်း၏ ကာကွယ်ရေး၊ စစ်ရေး၊ လောင်စာဆီနှင့် သယ်ယူပို့ဆောင် ရေး ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး ဟိုက်ပါဆိုးနစ်ဒုံးကျည်များနှင့် ဒရုန်းများအပါအဝင် “ရေပြင်၊ မြေပြင်၊ ဝေဟင်အခြေစိုက် ရေရှည်ပစ်ခတ်နိုင်သော တိကျ သေချာသည့် လက်နက်များ” ကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်လက မော်စကိုသည် လုဟန့်စ်အရှေ့ပိုင်း ရုရှားသိမ်းပိုက်ထားသော စတာရိုဘီလ်စ်ခ် (Starobilsk) မြို့ရှိ ကောလိပ်အဆောင်တစ်ခုကို တိုက်ခိုက်ခဲ့မှုအတွက် ကီးဗ်အပေါ် ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုစဉ်က ယူကရိန်းက ၎င်းတို့၏တပ်ဖွဲ့များသည် “စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ” ကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် တနင်္လာနေ့နှောင်းပိုင်းတွင် ပူတင်က စတာရိုဘီလ်စ်ခ် တိုက်ခိုက်မှု သည် “ပဋိပက္ခကို အသွင်သဏ္ဌာန်အသစ်တစ်ရပ် ဖြစ်စေခဲ့တယ်” ဟု သတိပေးခဲ့ပြီး ကရင်မလင်ကလည်း အင်္ဂါနေ့တွင် ထိုသဘောထားကို ထပ်လောင်း ပြောဆိုခဲ့သည်။

(ဓာတ်ပုံစာသား – အင်္ဂါနေ့က ကီးဗ်မြို့တွင် ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှု အတွင်း မြို့ပေါ်၌ ပေါက်ကွဲမှုတစ်ခုကြောင့် ကောင်းကင်ယံ လင်းထိန်သွားစဉ်။ Gleb Garanich/Reuters)

(ဓာတ်ပုံစာသား – ကီးဗ်မြို့တွင် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မက်ထရိုဘူတာရုံတစ်ခုထဲ၌ ပြည်သူများ ခိုလှုံနေကြစဉ်။ Alina Smutko/Reuters)

(ဓာတ်ပုံစာသား – ဒီနီပရိုမြို့တွင် ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော တိုက်ခန်းအဆောက်အအုံနေရာရှိ ပျက်စီးအပျက်အစီးများအောက်မှ ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းကို သယ်ထုတ်လာစဉ်။ Reuters)

(ဓာတ်ပုံစာသား – ကီးဗ်မြို့တွင် ရုရှားဒုံးကျည်များနှင့် ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေစဉ်။ Danylo Dubchak/Frontliner/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 70 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 68 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက