နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက တားမြစ်ချက် ဖောက်ဖျက်ပြီး ယူကရိန်းတပ်တွေကို ဓာတုလက်နက်သုံး အဆိပ်သင့်စေတယ်လို့ အမေရိကန်ပြော

မေလ (၂) ရက်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားမှ ဓာတုလက်နက်အသုံးပြု၍ စစ်ပွဲတွင် နည်းလမ်းတခုအဖြစ်လုပ်ဆောင်နေသည်ဟု အမေရိကန်က တရားဝင်စွပ်စွဲခဲ့ပြီး ရုရှားကုမ္ပဏီများနှင့် အစိုးရအဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့သည်။ ဓာတုလက်နက်ကွန်ဗင်းရှင်း (CWC) ကို ချိုးဖောက်၍ ရုရှားသည် ဓာတုလက်နက် နိူက်ထရိုကလိုရိုဖောင်းကို အသုံးပြုကာ ယူကရိန်းတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

CWC ကို ချိုးဖောက်သည့် စစ်ပွဲအတွင်း ရုရှားသည် “အဓိကရုဏ်း ထိန်းချုပ်ရေး ဓါတုပစ္စည်းများ” သို့မဟုတ် မျက်ရည်ယိုဗုံးကိုလည်း အသုံးပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ ထိုကဲ့သို့သောဓာတုပစ္စည်းများကိုအသုံးပြုခြင်းသည် သီးခြားဖြစ်ရပ် တစ်ခုတည်းမဟုတ်ပါ၊ ၎င်းသည် ယူကရိန်းတပ်ဖွဲ့ဝင်များအားရှေ့တန်း ခံတပ်နေရာမှ ဖယ်ရှားနိုင်ရန်အတွက် စစ်မြေပြင်တွင် နည်းဗျူဟာမြောက် အောင်မြင်မှုကို ရယူရန်လုပ်ဆောင်လိုသော ရုရှားတပ်ဖွဲ့များ၏ဆောင်ရွက်ချက်” ဟု ၎င်းကဆိုသည်။ မကြာသေးမီလများ အတွင်း ရုရှားတပ်ဖွဲ့များနှင့် ၎င်းတို့၏ ရှေ့တန်းနေရာများတွင် မအီမသာဖြစ်စေ ဓာတ်ငွေ့နှင့် အခြားဓာတုပစ္စည်းများနှင့် တိုက်ခိုက်ခံရသည့် ထိတွေ့မှုများ ပိုများလာသည်ဟု ယူကရိန်းတပ်များမှ သက်သေထွက်ဆိုချက်များအရ အမေရိကန်က ကောက်ချက်ချ ဖော်ပြခဲ့သည်။

မတ်လတွင် လူမှုမီဒီယာတွင် တင်ထားသော ကြေညာချက်တွင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များက ရုရှားသည် စစ်ပွဲအတွက် တားမြစ်ထားသော အဆိပ်သင့် ဓာတုပစ္စည်းများ တပ်ဆင်ထားသည့် မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့သည့် ဖြစ်ရပ်ပေါင်း တစ်ထောင်ကျော်ကို မှတ်တမ်းတင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ တစ်လတည်းတွင် အမှုပေါင်း ၂၅၀ ရှိကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။ ကရင်မလင်သည် အမေရိကန်၏ စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ ၎င်းတို့အကြောင်းကို ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးမြန်းရာတွင်ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က “ဒီသတင်းကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီစွပ်စွဲချက်တွေဟာ လုံးဝအခြေအမြစ်မရှိပါ။ ဘာအထောက်အထားမှမရှိပါဘူး။ ရုရှားဟာ နိုင်ငံတကာဥပဒေပါ ရုရှားရဲ့ ဝတ္တရားတွေကို ကတိပြုစောင့်ထိန်းထားပါတယ်” ဟု သူကဆိုသည်။

နိူက်ထရိုကလိုရိုဖောင်းကို ပထမကမ္ဘာစစ်အတွင်း ဓာတုလက်နက်အဖြစ် တွင်ကျယ်စွာအသုံးပြုခဲ့သော်လည်း စစ်ရေးအတွက် အသုံးပြုခွင့်မရှိတော့ဘဲ ယခုအခါတွင် အများစုမှာ စိုက်ပျိုးရေးတွင် အသုံးပြုနေကြသည်ဟု CDC မှ သိရသည်။ ၎င်းသည် အဆုတ်၊ မျက်စိနှင့် အရေပြားတို့ကို ယားယံစေပြီး ပျို့အန်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ရက်သတ္တပတ်များစွာကြာအောင် ဖြစ်စေနိုင်သည်ဟု CDC က ဆိုသည်။ ၁၉၉၁ ခုနှစ် ဓာတုနှင့် ဇီဝဗေဒဆိုင်ရာ စစ်ပွဲများ အသုံးပြုမှု ဆန့်ကျင်ရေး ဥပဒေအောက်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနသည် ” နိုင်ငံခြားသို့ စစ်ဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု၊ အမေရိကန် အစိုးရ၏ ခရက်ဒစ်ပေးသည့်လိုင်းများနှင့် ကာကွယ်ရေး ဆိုင်ရာပစ္စည်းများတင်ပို့မှုလိုင်စင် နှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကဲဆတ်သည့် ပစ္စည်းများကိုရုရှားနိုင်ငံသို့မတင်ပို့နိုင်ရန် အတွက် ကန့်သတ်ချက်များကို ပြန်လည် ချမှတ်နေသည်” ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ ဓာတုနှင့် ဇီဝလက်နက် အစီအစဉ်များနှင့် ဆက်စပ်နေသည့် ရုရှားအစိုးရ အဖွဲ့ ၃ ခုနှင့် အဆိုပါ အစိုးရ အဖွဲ့များကို ပံ့ပိုးပေးသည့် ရုရှား ကုမ္ပဏီ လေးခုကို ပိတ်ဆို့အရေးယူထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၊ အာဇာဘိုင်ဂျန်၊ ဘယ်လ်ဂျီယံ၊ စလိုဗက်ကီးယား၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ အပါအဝင် ယူကရိန်းစစ်ပွဲအတွက် ရုရှား၏ ထောက်ခံ အားပေးမှုအတွက် နိုင်ငံအများအပြားရှိ ကုမ္ပဏီများနှင့် ပုဂ္ဂိုလ်များ အပေါ် ပိတ်ဆို့အရေးယူမှု အသစ် ၃၀၀ နီးပါး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ယခင်က ယူကရိန်းတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်းမပြုရန် ရုရှားကို အမေရိကန်က သတိပေးထားသည်။ ကျူးကျော်မှုစတင်ပြီး တစ်လအကြာ မတ်လ ၂၀၂၂ခုနှစ် တွင် သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းတွင် ရုရှားက ဓာတုလက်နက်အသုံးပြုပါက နေတိုးအဖွဲ့မှ တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက G7 ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဓာတု၊ ဇီဝလက်နက် သို့မဟုတ် နျူကလီးယား လက်နက်အသုံးပြုခြင်းအတွက် ရုရှားသည် ပြင်းထန်သောအကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအချိန်မှစ၍ မည်သို့ပင်သတိပေးထားခြင်း ဖြစ်စေကာမူ ရုရှားသည် ဓါတုလက်နက်ကို သုံးစွဲကြောင်း တွေ့ရသည်။ နိုဝင်ဘာလတွင်၊ လက်နက်ထိန်းချုပ်ရေး၊ တားစီးအဟန့်အတားပြုရေး၊ တည်ငြိမ်ရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mallory Stewart က စစ်ပွဲအတွင်း မော်စကိုက အဓိကရုဏ်း ထိန်းချုပ်ရေး ဓါတုအေးဂျင့်များကို အသုံးပြုနေသည်ဟု ယူကရိန်းသတင်းများကို ကိုးကားဖော်ပြခဲ့သည်။ ရှေ့တန်းမှ ယူကရိန်းနိုင်ငံသားများက ဓါတုဓာတ်ငွေ့တိုက်ခိုက်မှု ဖြစ်စဉ်များ တိုးလာကြောင်းပြောသည်။ ဒီဇင်ဘာလတွင်၊ ယူကရိန်းတိုက်ခိုက်ရေးသမားတစ်ဦးမှ ဒရုန်းများဖြင့် ယူကရိန်းလိုင်းများပေါ်သို့ လောင်စာဆီနှင့် မီးလောင်လွယ်သော ဓာတ်ငွေ့များ ကြဲချသည့် ဖြစ်ရပ်ကိုးခုထက်မနည်းကို မှတ်တမ်းတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက CNN သို့ ပြောကြားရာတွင် ရုရှားတို့ ဖြန့်ကျက်ထားသောအရာမှာ မျက်ရည်ယိုဗုံးဟု လူသိများသော CS ဓာတ်ငွေ့ တစ်မျိုးဖြစ်သည်။

ဓာတ်ငွေ့တိုက်ခိုက်မှုမှ လွတ်မြောက်လာသူ စစ်သားနှစ်ဦးသည် ၎င်းတို့၏ မျက်နှာနှင့် ပါးစပ်နှင့် လည်ချောင်းအတွင်း မီးလောင်ဒဏ်ရာများ အပါအဝင် ဒဏ်ရာများ ရရှိခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။ ဓာတုလက်နက်အသုံးပြုမှုကို နိုင်ငံတကာဥပဒေဖြင့် တားမြစ်ထားသည်။ ရုရှားနိုင်ငံသည် အဆိုပါစာချုပ်များကို လက်မှတ်ရေးထိုးထားပြီး ဓာတုလက်နက်များ မပါရှိဟု အခိုင်အမာဆိုသော်လည်း နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ဝေဖန်သူများကို ဆန့်ကျင်သည့် အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းများ အသုံးပြုမှုနှင့် ဆက်စပ်နေခဲ့သည်။

အဆိုပါအမှုများတွင် ဆာဂေး စရီပယ် (Sergei Skripal) နှင့် အလက်ဆီ နာဗယ်နီ(Alexey Navalny) တို့၏ အဆိပ်ခတ်ခံရသူများ စာရင်းတွင် ပါဝင်ပြီး ဖေဖော်ဝါရီလတွင် ဆိုက်ဘေးရီးယားရှိ ရာဇဝတ်မှုတပ်၍ အကျဉ်းချခံနေရစဉ် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြင်းပြင်းထန်ထန်ဝေဖန်သည့် အသက် ၄၇ နှစ်အရွယ် အလက်ဆီ နာဗယ်နီ သည် လမ်းလျှောက်ပြီးနောက် သတိလစ်သွားခဲ့ကြောင်း ရုရှားအကျဉ်းထောင်ဝန်ဆောင်မှုမှ သိရသည်။ သူသေဆုံးရခြင်းအကြောင်းရင်းကို မသိရသေးပါ။ ဗုဒ္ဓဟူးနေ့တွင်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အလက်ဆီ နာဗယ်နီ သေဆုံးမှုနှင့်ဆက်စပ်နေသော လူသုံးဦးအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်သွားမည်ဟု ပြောကြားခဲ့သည်။ ထိုသူများမှာ နာဗယ်နီ အကျဉ်းကျခဲ့သည့် ထောင်ဒါရိုက်တာ၊ သူကိုတယောက်တည်းထားသော အကျဉ်းခန်းကို ကြီးကြပ်စောင့်ကြည့်ရသည့် ထောင်ကြပ်နှင့် ထောင်၏ ဆေးဘက်ဆိုင်ရာ အကြီးအကဲတို့ ဖြစ်သည်။

အယ်ဒီတာမှတ်ချက်။

စကစနှင့် ရုရှားသည် ဆရာတပည့် သဘောမျိုးဖြစ်၍ ဆက်ဆံရေး အလွန်ကောင်းပြီး တဖွဲ့နှင့်တဖွဲ့ အပြန်အလှန် ဆုတံဆိပ်များ ပေးအပ် ဂုဏ်ပြုနေသလိုလက်နက်အပြန်အလှန်ပေးမှုလည်းရှိနေခဲ့သည်။ ရုရှားမှဓာတုအဆိပ်ဓါတ်ငွေ့ကိုယူကရိန်းတွင်သုံးခဲ့သလို မကြာသေးခင်ကကော့ကရိတ်တိုက်ပွဲတွင်လည်း ကျားဖြူစစ်ကြောင်းမှ ရဲဘော်များ ဓါတုအဆိပ်သင့်ခဲ့ရကြောင်း သိရသည်မှာ တိုက်ဆိုင်မှုဟု မထင်ပါ။ စကစသည် ရုရှားထံမှ ထိုဓါတုလက်နက်များကို ရရှိနေပုံရသည်ဟု ခန့်မှန်းရမိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 36 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 38 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 47 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 50 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု