နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကူအညီများ ဖြတ်တောက်ခြင်းမပြုမီ ဂါဇာတွင် အစ္စရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာ

+++++++++++++++++++++++++++++++++++++++++++++++++

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ မစတင်မီ အစ္စရေးစစ်တပ်၏တပ်ရင်း (၅) ရင်းသည် ဂါဇာကမ်းမြောင်ဒေသတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဧပြီလ (၂၉) ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ထိုနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ Patel က တပ်ရင်းလေးခုမှ ချိုးဖောက်မှုများကို ထိထိရောက်ရောက် ပြုပြင်ပေးခဲ့သော်လည်း မှန်ကန်သော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။

Patel ၏ အဆိုအရ အမေရိကန်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါ၀င်နေသည့် နိုင်ငံခြားတပ်များကို အကူအညီများ တားမြစ်ထားသည့် လေးဟေ (Leahy) အက်ဥပဒေအရ ကျန်ရှိသော တပ်ရင်းအား အကူအညီများ လျှော့ချရန် စဉ်းစားနေသည်ဟု Patel က ဆိုသည်။

သတင်းများအရ အဆိုပါတပ်ဖွဲ့သည် အစွန်းရောက်သြသဒေါက်စ်ဂျူးစစ်သားများဖြင့် ဖွဲ့စည်းထားသည့် Netza Yehuda တပ်ရင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် ပါလက်စတိုင်း-အမေရိကန် သက်ကြီးရွယ်အိုတစ်ဦး ဖမ်းစီးအသတ်ခံရသည့် ဖြစ်ရပ်တစ်ခုတွင် ပါဝင်ခဲ့သည်။

အစ္စရေးဘက်မှ တပ်ဖွဲ့နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ပေးအပ်ခဲ့ကြောင်း Patel က ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲမစတင်မီတွင် ချိုးဖောက်မှုအားလုံးသည် ဂါဇာကမ်းမြှောင်အပြင်ဘက်တွင် ဖြစ်ပွားခဲ့ကြောင်း ထောက်ပြခဲ့ပြီး မည်သို့တုံ့ပြန်ရမည်ကို အစ္စရေးအစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်ထံ နိုင်ငံခြားရေး ၀န်ကြီးဘလင်ကန်က ပေးပို့သည့် စာအရ ချိုးဖောက်မှုများသည် အနောက်ဘက်ကမ်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားခဲ့သည်။

မကြာသေးမီကပင် အစ္စရေးက အမေရိကန်ကို ထုတ်ဖော်မပြသော ပြစ်ဒဏ်ပေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဤပြစ်ဒဏ် လုံလောက်မှု ရှိ၊ မရှိ စဉ်းစားပြီးနောက် အကူအညီများကို ကန့်သတ်ရန် အမေရိကန်ဘက်မှ ဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက X (ယခင် Twitter) တွင် အမေရိကန်ပြည်ထောင်စု၏ အကြမ်းဖက်မှုကို တိုက်ခိုက်နေသည့် အစ္စရေးစစ်သားများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်မှုသည် မိုက်မဲမှုဖြစ်ကြောင်းနှင့် တန်ပြန်အရေးယူမှုများ ပြုလုပ်မည်ဟု သတိပေးခဲ့သည်။

အမေရိကန်အစိုးရသည် အစ္စရေးအား အထူးပြုမူဆက်ဆံခြင်းနှင့် တုံ့ပြန်မှုပေးသည်ဟု ဝေဖန်မှုများရှိခဲ့သော်လည်း Patel က ၎င်းအား ငြင်းဆိုထားပြီး တုံ့ပြန်မှုသည် လေးဟေ (Leahy) အက်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

Source: CNN

ဓာတ်ပုံ။

အစ္စရေးတပ်ဖွဲ့ဝင်များ/Menahem Kahana/AFP/Getty Images/File

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 4 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 11 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း