နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာစစ်ပွဲ ရပ်တန့်နိုင်မယ့်အစီအစဉ်ကို လိုက်နာကြဖို့ ဂျိုးဘိုင်ဒန်တိုက်တွန်း

ဂါဇာစစ်ပွဲ ရပ်တန့်နိုင်မယ့်အစီအစဉ်ကို လိုက်နာကြဖို့ ဂျိုးဘိုင်ဒန်တိုက်တွန်း

++++++++++++++

အကျဉ်းသားတွေနဲ့ ဓားစာခံတွေလဲလှယ်ပြီး ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးရဲ့ ကမ်းလှမ်းမှုကို ဟားမက်စ်ခေါင်းဆောင်တွေ လက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့မှာတောင်းဆိုလိုက်ပါတယ်။ ဒါဟာ အသေအဆုံးများတဲ့ သေမင်းတမန်စစ်ပွဲကို အဆုံးသတ်ဖို့ နည်းလမ်းဖြစ်တယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ၈ လကြာ ပဋိပက္ခအတွက် ဖြေရှင်းမယ့်အဖြေကို  ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မိန့်ခွန်းမှာ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပြီး အခုကမ်းလှမ်းမှုဟာ ဂါဇာထဲမှာရှိတဲ့ အစ္စရေးတပ်တွေ ၆ ပတ်အတွင်း ပြန်ထွက်သွားမယ့် အစီအစဉ်နဲ့ စတင်မယ်လို့ ဆိုပါတယ်။

“ ဒီစစ်ပွဲကြီး ပြီးဆုံးဖို့ အချိန်တန်ပါပြီ” လို့ ပြောဆိုကာ ငြိမ်းချမ်းရေးကို ဆုပ်ကိုင်နိုင်မယ့် ဒီအခွင့်အရေးကို မိမိတို့ ထပ်ပြီး အဆုံးရှုံးမခံနိုင်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အသက် 81 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒန်က အခုကမ်းလှမ်းမှုကို ဟားမက်စ်ခေါင်းဆောင်တွေလက်ခံသင့်တယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ဂျိုးဘိုင်ဒန်ပြောတဲ့ ပထမအဆင့်မှာ ၆ ပတ်တာကာလအတွင်း ဂါဇာထဲကနေ အစ္စရေးတပ်တွေ ပြန်ဆုတ်ခွါဖို့၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့၊ အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ်တွေပါဝင်ပါတယ်။

အဲဒီ ၆ ပတ်တာကာလအတွင်း အစ္စရေးနဲ့ ပါလက်စ်တိုင်းတို့ဟာ ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်ဆဲရေးအတွက် ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဟားမက်စ်တွေက အဲဒီစည်းကမ်းတွေကို လိုက်နာသရွေ့ အပစ်အခတ်ရပ်စဲရေးကလည်း ရှိနေမှာဖြစ်တယ်လို့လည်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဂါဇာစစ်ပွဲကို နိုင်ငံတကာက ကြိုးပမ်းမှုတွေ အရာမထင်တဲ့နောက်မှာ ဂျိုးဘိုင်ဒန်ရဲ့ အဆိုပြုချက်တွေထွက်ပေါ်လာခဲ့တာပါ။ ဟားမက်စ်တွေကတော့ အပစ်အခတ်ရပ်စဲရေးဟာ ယာယီမဟုတ်ဘဲ ထာ၀ရဖြစ်သင့်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ အစ္စရေးအနေနဲ့ ရန်ပြုမှုကို ရပ်တန့်မယ်ဆိုရင် အကျဉ်းသားလဲလှယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့ဖို့ကို သဘောတူညီတယ်လို့ ဟားမက်စ်ခေါင်းဆောင်တွေက ကြားဝင်ဖြေရှင်းပေးနေတဲ့နိုင်ငံတွေကတဆင့် ပြောဆိုထားတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ