နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရိုးမ၊ ဧရာ၀တီနဲ့ ယူအေဘီဘဏ်အပါအ၀င် ပုဂ္ဂလိကဘဏ် (၇)ခုကို စစ်ကောင်စီဗဟိုဘဏ်အရေးယူ

ဇူလိုင်လ (၂)ရက်။

ရိုးမဘဏ်၊ ဧရာ၀တီဘဏ်နဲ့ ယူအေဘီဘဏ်အပါအ၀င် ပုဂ္ဂလိကဘဏ် (၇)ခုကို အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီပုဂ္ဂလိကဘဏ် (၇)ခုဟာ စစ်ကောင်စီဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ကိုကျော်လွန်ပြီး အိမ်ရာချေးငွေတွေ အများအပြားထုတ်ချေးထားတဲ့အတွက် စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတဲ့အခါ သတ်မှတ်ရာခိုင်နှုန်းထက် ရိုးမဘဏ်က (၁၁)ရာခိုင်နှုန်း၊ ဧရာ၀တီဘဏ်က (၁.၉၆)ရာခိုင်နှုန်းနဲ့ ယူအေဘီဘဏ်က (၃.၃၈)ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုသတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားတယ်ဆိုတဲ့ ပုဂ္ဂလိကဘဏ် (၇)ခုထဲမှာ မြန်မာနိုင်သားများဘဏ်၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာမတ်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့ ပါ၀င်ပါတယ်။

အဲ့ဒီပုဂ္ဂလိကဘဏ် (၇)ခုအနေနဲ့ ကျော်လွန်ထုတ်ချေးတဲ့ ချေးငွေတွေကို အိမ်ရာချေးငွေနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်အတိုင်း သတ်မှတ်ကာလထဲ ပြန်ရောင်ရှိဖို့ ကြပ်မတ်သွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဆိုပါတယ်။

သတ်မှတ်ချက်ကို ကျော်လွန်ဖောက်ဖျက်တဲ့ ပုဂ္ဂလိကဘဏ် (၇)ခုက တာ၀န်ရှိသူတွေကို အရေးယူသွားမယ်လို့ သိရပြီး ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ (၁၅၄)အရ ဒဏ်ကြေးပေးရမယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ပုဂ္ဂလိကဘဏ်တွေကို စစ်ဆေးကြီးကြပ်ဖို့ အားနည်းခဲ့တဲ့ ဗဟိုဘဏ်တာ၀န်ရှိသူတွေကိုလဲ ဖော်ထုတ်အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်ထုတ် အသံထက် (၂)ဆခွဲမြန်တဲ့ ဒုံးကျည် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှာ အဓိကထားအသုံးပြုနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 0 Views
နိုဝင်ဘာလ (၂၆)ရက်။ တရုတ်က တီထွင်ထုတ်လုပ်ထားတဲ့ PL-5 Missiles ဒုံးကျည်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိကအရေးပါတဲ့ လေကြောင်းသုံး ဒုံးကျည်ဖြစ်တယ်လို့ Blood
မြန်မာသတင်း

မင်းလှမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ မြို့နယ်ပကဖ အထူးသတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 0 Views
နိုဝင်ဘာလ (၂၆)ရက်။ ဒီကနေ့အချိန်မှာ မင်းလှမြို့နယ်ထဲ စစ်ကောင်စီဘက်တော်သားတွေက မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချနေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

အခုလထဲ နောင်ချိုမှာ စစ်ကောင်စီကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 0 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၅)ရက်အထိ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထန်းချုပ်ထားတဲ့
မြန်မာသတင်း

စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 17 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်စရာ အကြောင်းမရှိဘူးလို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုချက်အရ သိရပါတယ်။ “
မြန်မာသတင်း

မထောတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်း‌တွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 14 Views
နိုဝင်ဘာလ (၂၆)ရက်။ မထောတပ်စခန်းသိမ်းတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ‌မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေဟာ တောင်ဘက်ရှိ သူတို့တပ်စခန်းတွေရှိတဲ့ ကစယ်သဲဖလယ်(တောင်သုံးလုံး)နဲ့ ထွီသီးအူ(ခွေးသေ)တို့ကို ဆုတ်ခွာထွက်ပြေးသွားခဲ့တာလို့
မြန်မာသတင်း

မိုင်းကိုင်မြို့ရှိ SSPP တပ်စခန်းကို RCSS ဝင်တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် (၈)ဦးကို ဖမ်းဆီးသွားခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 10 Views
နိုဝင်ဘာလ (၂၆)ရက်။ မနေ့က နံနက် (၅)နာရီခွဲအချိန်က မိုင်းကိုင်မြို့၊ တုံလောကျေးရွာအုပ်စုရှိ ပန်ပွဲကျေးရွာအနီးက SSPP ရဲ့ တပ်စခန်းငယ် (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ RCSS
မြန်မာသတင်း

“ ဝ” တောင်ပိုင်းရှိ တပ်စခန်း (၉)ခုကို ထိုင်းဘက်က ဖယ်ရှားခိုင်းထားတာကို UWSA အတည်ပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 10 Views
နိုဝင်ဘယလ (၂၆)ရက်။ “ ဝ” ပြည်နယ်တောင်ပိုင်းရှိ UWSA ရဲ့ တပ်စခန်း (၉)ခုကို ထိုင်းနိုင်ငံဘက်က ဖယ်ရှားခိုင်းထားတယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းရဲ့ အတည်ပြု ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ဝပြည်တောင်ပိုင်း
မြန်မာသတင်း အရှေ့တောင်အာရှ

တရုတ်နဲ့ထိုင်းထောက်ခံမှုအောက်က စကစခြေလှမ်း။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 17 Views
တရုတ်နဲ့ထိုင်းထောက်ခံမှုအောက်က စကစခြေလှမ်း။ ဒီအပတ်ခေတ်မျက်လုံးရဲ့ ထိုင်းအတွေးနဲ့ မြန်မာ့အရေးမှာ စတီဗင်စန်းယုက ထိုင်းနိုင်ငံတွင်း နိုင်ငံရေးမှာယခင်ဝန်ကြီးချုပ်ဟောင်းတပ်ဆင်ရှင်နာဝပ်ကိုတရားဆွဲဆိုတာမအောင်မြင်ဖြစ်ခဲ့တာအပြင်တရုတ်နိုင်ငံနဲ့မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ပူးပေါင်းလုပ်ဆောင်လာမှုအပေါ်သူ့အမြင်သဘောထားကိုတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့