နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

စက်တင်ဘာလ (၂)ရက်။

ဩဂုတ်လ (၃၁)ရက်နေ့က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နံနက်ပိုင်းအချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် (၁)နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းတွေ၊ ဆန်အိတ် (၄၀၀)ကျော်နဲ့ ရိက္ခာအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်စစ်တပ်က အရာရှိ (၁)ဦး အပါအဝင် တပ်သား (၅)ဦးခန့်သေဆုံးပြီး  အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဘောကထာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲ့ဒီစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပြီး ကုန်းမြင့်သာယာရွာ စစ်စခန်းမှာ ရှေ့တန်းစခန်းပြုလုပ်တပ်စွဲထားချိန် ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံသိမ်းပိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာစစ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းနဲ့ KNLA တပ်ရင်း(၉) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ မိနစ်ပိုင်းနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ စစ်တပ်ဘက်က အရာရှိအပါအဝင် (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 7 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 53 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့တွေရဲ့ လုပ်ဆောင်ချင်တွေဟာ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့က ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖဆီ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 38 Views
စက်တင်ဘာလ (၁၇)ရက်။ ဇူလိုင်လနဲ့ ဩဂုတ်လထဲ စစ်တပ်ရဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖရုံးထံ အလင်းဝင်လာခဲ့တယ်လို့ Wing of Kalay ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူတွေဟာ တိုင်းရင်းသားလူငယ်လူရွယ်တွေဖြစ်ပြီး ကလေးခရိုင်ပကဖရုံးရဲ့
မြန်မာသတင်း

မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၅၀၀)စာရင်းထွက်ပေါ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 74 Views
စက်တင်ဘာလ (၁၇)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၄၈၉)ဦးစာရင်းဟာ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို သိရပါတယ်။ မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့အထဲ ဗိုလ်ချုပ်ကြီးအဆင့်အထိကနေ စစ်အရာရှိတွေ၊ ရုံးအုပ်နဲ့ တပ်ကြပ်ကြီးစာရေးတွေအပါအဝင် အောက်ခြေအဆင့်အထိ
မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 80 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ “ ဦးဘုန်းခန့်အောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲပြောနေကြရှိတယ်။ သူ့မှာ ဆရာတော်ဦးသုမနရှိတယ်၊ဆရာတော်ဦးသုမနက သူ့အခက်အခဲတွေကို
မြန်မာသတင်း

မတ္တရာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 66 Views
စက်တင်ဘာလ (၁၇)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် မတ္တရာမြို့ရှိ ဒီယာရွာနဲ့ ဥက္ကံရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မတ္တရာ အရှေ့မြောက်ခြမ်းက ဒီယာရွာအနီးနဲ့ ဥက္ကံရွာအနီးကို
မြန်မာသတင်း

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့်ကျင့်ဝတ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 65 Views
စက်တင်ဘာလ (၁၇)ရက်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့
မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 121 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ကျွန်‌တော်တို့က စက်တင်ဘာ