စက်တင်ဘာလ (၂)ရက်။
မနေ့က ရေစကြိုမြို့မှာ တပ်ပြောင်း၊ တပ်ချိန်းပြုလုပ်တဲ့ စစ်ကောင်စီရဲ့ (၂၅၈)တပ်က ဗိုလ်ကြီး ဇော်လင်းကို အိမ်ထောင်ပရိဘောဂပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေစကြိုမြို့ရှိ ဖူလုံစစ်တပ် (၂၅၈)က စစ်ကောင်စီဗိုလ်ကြီး ဇော်လင်းဟာ အိမ်ထောင်ပရိဘောဂပစ္စည်း အများအပြားကို ကန်ဒါကားနဲ့ သယ်ဆောင်လာချိန် ရေစကြို-ပခုက္ကူ လမ်းခုလတ်မှာ Southern YSO PDF က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
သူနဲ့အတူ ကားဒရိုင်ဘာတစ်ယောက်အပါအ၀င် ပြီးခဲ့တဲ့ (၈)လက (၂၅၈)တပ်မှာ တာ၀န်ထမ်းဆောင်ပြီး ရှမ်းမြောက်ဒေသမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်ရဲ့ မိသားစု သားမိ (၂)ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဗိုလ်ကြီး ဇော်လင်းကို ဖမ်းမိတဲ့အချိန် သူ့ရဲ့ စစ်သင်တန်းဆင်း လက်မှတ်တွေ၊ လစာထုတ်တဲ့ အင်း၀ဘဏ်စာအုပ်တွေ၊ တပ်ထဲ အပေါင်ခံ လစာထုတ်ကဒ်တွေ၊ မင်္ဂလာဆောင်ဓါတ်ပုံတွေနဲ့ ငယ်ကျိုးငယ်နာ ရည်းစားစာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် သိမ်းဆည်းရရှိခဲ့တဲ့ ကန်ဒါကားကလဲ စစ်ကောသ်စီအသုံးပြုတဲ့ လုပ်ငန်းတွေမှာ တိတ်တိတ်ဆိတ်ဆိတ် အသုံးပြုနေတဲ့ ကားဖြစ်တာကို ပြီးခဲ့တဲ့ (၂)လ၀န်းကျင်ကထဲက စစ်ဆေးသိရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကန်ဒါကားကို တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့ သိမ်းဆည်းခဲ့သလို ဖမ်းမိခဲ့တဲ့သူတွေကို မြေပြင်သတင်းအချင်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အပြစ်မရှိသူတွေကို ပြန်လွှတ်ပေးသွားမယ်လို့ Southern YSO PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။