နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၃၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၂၄)ဦးဒဏ်ရာရခဲ့

‌နိုဝင်ဘာလ (၂)ရက်။

ဇူလိုင်လကစပြီး အောက်တိုဘာလအထိ ကိုးကန့်ရဲ့ အထူးဒေသ(၁)ထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၅၀)ကျော်အထိရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အထူးဒေသ(၁)ထဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၃၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၂၄)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့အခါတိုင်း ခွဲခြားတာမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လက်တုံ့ပြန်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်တခုဖြစ်ပြီး နိုင်ငံတဝန်းမှာ အများအပြားဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထူးဒေသ(၁)ထဲ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ မြို့တော် လောက်ကိုင်အပါအဝင် သိန္နီခရိုင်နဲ့ အခြားနယ်မြေတွေပါဝင်ပြီး လားရှိုးမြို့ဟာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဗုံးကြဲတိုက်ခိုက်တဲ့ ပစ်မှတ်တွေထဲက တစ်ခုဖြစ်လာခဲ့တယ်လို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လူစုလူဝေးရှိတဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ အခြေခံအဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးဖို့ ကြိုးပမ်းတာဟာ ပြန်လည်ထူထောင်ရေးကို ဖျက်ဆီးပြီး ဒေသခံတွေ နေရပ်မပြန်နိုင်ဖို့ ခြိမ်းခြောက်တားမြစ်တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလထဲ အကြမ်းဖက်စစ်တပ်ရဲ့ လားရှိုး၊ လောက်ကိုင်၊ သိန္နီနဲ့ အခြားဒေသတွေမှာ ခွဲခြားတာမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမှာ စစ်ကောင်စီလေကြောင်းကြောင့် ကျောင်းသူတွေအပါအဝင် (၄)ဦးသေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 8 Views
မတ်လ (၂၁)ရက်။ မနေ့က နံနက် (၂)နာရီအချိန်ခန့်က ထီးလင်းမြို့ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

(၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 7 Views
မတ်လ (၂၁)ရက်။ (၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့ တော်လှန်ရေး (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ပြည်သူ (၅၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 3 Views
မတ်လ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ရေစကြိုမြို့နယ် မိုးကွဲရွာကို စစ်ကောင်စီက ပစ်ခတ်ဝင်ရောက်ပြီး စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ Yesagyo Township Info Committee ထံက သိရပါတယ်။ “ ငတရော်ရွာကနေ
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 2 Views
မတ်လ (၂၁)ရက်။ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ကလောတပ်နယ်ကို ရောက်ရှိတဲ့အချိန် ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချို့စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့တွေဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာမရှိဘဲ ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ စစ်မှုထမ်းအချို့ အခက်အခဲတွေ
မြန်မာသတင်း

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၁၇)ဦးသေကာ (၂၀)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 12 Views
မတ်လ (၂၁)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၁၀၁)က အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တပ်မ(၁၀၁)က အင်အား
မြန်မာသတင်း

တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 4 Views
မတ်လ (၂၁)ရက်။ တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ ဗဟိုအစိုးရကို အားကိုးတကြီးနဲ့ တိုင်ကြားတင်ပြတာတွေကို ခပ်မြန်မြန်ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ တိုင်ကြားစာယန္တရားကို တိုက်တွန်းလိုပါတယ်”
မြန်မာသတင်း

ကနီမှာ စစ်ကောင်စီရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
မတ်လ (၂၀)ရက်။ မနေ့က ညနေ (၅)နာရီအချိန် ကနီမြို့နယ် ဘောလုံးကွင်းထဲက စစ်ကောင်စီရဲ့ MI-17 ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စခ(၂၀)လောက်နဲ့ မုံရွာနမခကနေတက်လာတဲ့
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ (၅)ဦး သေဆုံးခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 8 Views
မတ်လ (၂၀)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲကနေ နေ့လယ် (၁၂)နာရီအချိန်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Natogyi-PDF(NPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)နဲ့ (၃၁၉)ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီမှာ