နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၁၃)ဦး ‌ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ (၂)ရက်။

ပြီးခဲ့တဲ့ တစ်ပတ်တာကာလ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သက်လတ်ပိုင်းရှိ လူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းရေးကို ပို့ဆောင်တာနဲ့ ငြင်းဆန်ရင် အကြောင်းမဲ့ အပြစ်ပေးတာတို့ကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

နောက်ပြီး အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး အသက်သေဆုံးတဲ့အထိ ရိုက်နှက်နှိပ်စက် စစ်ဆေးမေးမြန်းကာ အလောင်းဖျောက်ဖျက်လိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့ ဖော်ပြထားပါတယ်။

တောင်ပိုင်းစစ်ဒေသက ရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာအပြင် မတရားဖမ်းဆီးခံရသူ (၂၂)ဦးရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

နိုဝင်ဘာလ (၂၉)ရက်နေ့ကလဲ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာရှိ ဆီအုန်းတောမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ ခြေနင်းမိုင်းကို အမျိုးသမီးတစ်ဦး နင်းမိခဲ့ပြီး ခြေတဖက် ပြတ်ထွက်သွားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေထဲကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ (၇၅)ကြိမ်ကျော် ပစ်ခတ်ခဲ့ကာ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ (၃)ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းကင်းမှာ ရွှေတူးဖော်လုပ်ငန်း‌ရပ်ဆိုင်းဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲက သေနတ်နဲ့ခြိမ်းခြောက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီဇင်ဘာလ (၂၁)ရက်နေ့က မင်းကင်းမြို မြောက်ချွန်းရွာမှာ ရွှေတူးဖော်တဲ့လုပ်ငန်း ရပ်ဆိုင်းပေးဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲတွေက သေနတ်နဲ့ခြိမ်းခြောက်တာတွေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 15 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ
မြန်မာသတင်း

ရန်ကုန်မှာ မင်္ဂလာဆောင်ပွဲလာတက်တဲ့ စစ်ကောင်စီစရဖဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်က ရန်ကုန် မရမ်းကုန်းမြို့ရှိ Apollo Hotel အနီးမှာ စစ်ကောင်စီရဲ့ စရဖ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နေ့လယ် (၂)နာရီကျော်လောက်
မြန်မာသတင်း

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၂) ရက်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကဒီနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ယောဒေသကာကွယ်ရေးတပ်
မြန်မာသတင်း

ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင်အဖွဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Kanpetlet Council ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကန်ပက်လက်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့က
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
မြန်မာသတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်(၁၂)နာရီ (၃၅)မိနစ်က စကစရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီ ဂွမြို့ကို မကြာခင် လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၂)ရက်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျား ထွက်ပြေးနေတာတွေနဲ့အတူ ဂွမြို့ကို မကြာခင်ရက်တွေထဲ လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ တပြိုင်နက်ထဲ မြို့(၄)မြို့ကို ထိုးစစ်ဆင်ခဲ့တဲ့အထဲ ဂွတစ်မြို့သာ