နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

Federal Wings နဲ့ NUG ရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန(MOCIT)တို ပူးပေါင်းဆောင်ရွက်တာတွေကို ရပ်ဆိုင်း

ဒီဇင်ဘာလ (၂)ရက်။

ဘဏ္ဍာငွေနဲ့ သဘောထားမတူတာတွေကြောင့် Federal Wings နဲ့ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန(MOCIT)တို ပူးပေါင်းဆောက်ရွက်တာတွေကို တရားဝင်ရပ်ဆိုင်းလိုက်တယ်လို အသိပေးအကြောင်းကြားထားချက်တွေအရ သိရပါတယ်။

“(၁၀)လပိုင်း (၆)ရက်နေ့မှာ Federal Wings နဲ့ MOCIT တို အစည်းအဝေးလုပ်ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်တာတွေ ရပ်ဆိုင်းဖို သဘောတူခဲ့ကြတာပါ။ အဓိကကတော့ MOCIT ကို ငွေစာရင်းရှင်းတမ်းတွေတောင်းတဲ့အခါ စာရင်းထုတ်ပြနိုင်တာမရှိတာတွေ၊ Fundraising Project တွေလုပ်တဲ့အခါ အသိမပေးတာတွေ၊ နောက်ပြီး စစ်ဆင်ရေးဖော်ဆောင်တဲ့အခါမှာလဲ သဘောထားကွဲလွဲတာတွေပေါ့ အဲ့ဒါတွေလဲပါတယ်”လို ဆိုပါတယ်။

အခုလို ပူးပေါင်း‌ဆောင်ရွက်တာတွေကို ရပ်ဆိုင်းရတာဟာ MOCIT ဘက်က ငွေစာရင်းရှင်းတမ်းတွေ မထုတ်ပြန်နိုင်တာ၊ ပရောဂျက်တွေလုပ်ဆောင်ပြီး ငွေကြေးကောက်ခံတာမှာ အသိမပေးတာ၊ စစ်ဆင်ရေးဖော်ဆောင်တာမှာ သဘောထားကွဲလွဲတာနဲ့ တာဝန်လစ်ဟာတာတွေကြောင့် ဖြစ်တယ်လို Federal Wings က ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ဒရုန်းဖြန့်ဝေတာမှာ အစီအစဉ်တကျ ပြုလုပ်နိုင်တာမရှိဘဲ MOD နဲ့ ပူးပေါင်းမယ့် 1801(Federal Wings)တပ်ရင်း ဖွဲစည်းတဲ့အခါ တာဝန်ခံအရာရှိတွေ ခန့်အပ်တာကို MOCIT က စီမံခဲ့ကာ တပ်ရင်းမှူးဖြစ်လာသူက Federal Wings က အတွေ့အကြုံရှိသူမဟုတ်ဘူးလို သိရပါတယ်။

MOCIT က တာဝန်ပေးခန့်အပ်တဲ့ တပ်ရင်းမှူးဟာ Federal Wings ပိုင် Sniper Rifle နဲ့ Assault Rifle အမျိုးစုံ အလက် (၂၀)ကျော်ကို စာရင်းမပြနိုင်ဘဲ အလွဲသုံးစားလုပ် ပျောက်ဆုံးခဲ့တဲ့အပြင် ဒရုန်းတွေအပ်နှံပြီး (၁)နှစ်ကြာတဲ့အထိ စစ်ဆင်ရေးမလုပ်နိုင်ဘဲ တာဝန်လစ်ဟာခဲ့တယ်လို ဖော်ပြထားပါတယ်။

အဲ့ဒီကိစ္စကို MOCIT ကနေ ဖြေရှင်းအရေးယူပေးဖို Federal Wings က အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် (၇)လကျော်ကြာတဲ့အထိ အရေးယူနိုင်တာမရှိတဲ့အတွက် MOD ကို တိုက်ရိုက်ချိတ်ဆက်ပြီး တပ်ရင်းမှူးကို စစ်ဆေးအရေးယူဖို ဆောင်ရွက်ခဲ့ရာ အခုအခါ စစ်ဆေးနေဆဲဖြစ်တယ်လို ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို ကံတလူတိုးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲချတာမှာ ပြည်သူတွေသွားလာနေချိန် တိုက်ခိုက်ခဲ့တာကို Federal Wings က အပြင်းအထန် ကန့်ကွက်ခဲ့ပြီး CoC နဲ့ စစ်စည်းကမ်းကို ချိုးဖောက်တာကြောင့် သက်ဆိုင်ရာတပ်ဖွဲကို ပြင်းထန်စွာ သတိပေးဖိုနဲ့ ထပ်မံမဖြစ်ပွားစေဖို အသိပေးပြောဆိုခဲ့တယ်လို သိရပါတယ်။

Federal Wings က အခုလိုကိစ္စတွေ ထပ်မံဖြစ်ပွားရင် နည်းပညာထောက်ပိုတာကို ရပ်တန့်မယ်လို ပြောဆိုခဲ့ပေမယ့် MOCIT ရဲ့ တာဝန်ရှိသူတွေက သတိပေးတာတွေပြုလုပ်ဖို ငြင်းဆန်ခဲ့တာကြောင့် သဘောထားကွဲလွဲတာတွေ ဖြစ်စေခဲ့တယ်လို ပြောဆိုထားပါတယ်။

အခုလို နှစ်ဖက်အကြား သဘောထားကွဲလွဲတာတွေ ထပ်မဖြစ်စေဖို၊ တာဝန်ယူရတာနဲ့ အခက်အခဲတွေ ကြုံတွေ့ရတာကနေ ကင်းဝေးစေဖိုနဲ့ တော်လှန်ရေးမှာ ပိုမိုအားစိုက်ဖိုရည်ရွယ်ပြီး သီးခြားလျှောက်လှမ်းဖို ဆုံးဖြတ်တာလိုလဲ အသိပေးထားပါတယ်။

Federal Wings အဖွဲကို ၂၀၂၁ခုနှစ် နှစ်လယ်ပိုင်းကစပြီး လေးကေ့ကော်မြိုမှာ အခြေပြုဖွဲစည်းခဲ့ကာ MOCIT နဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ တရားဝင်ချိတ်ဆက်ပြီး ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေကို တာဝန်ယူစေခဲ့ရာ အခုလိုဖြစ်ရပ်အပေါ် Fundraiser တွေဆီ အသိပေးအကြောင်းကြားထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 67 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 53 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို