ဖေဖော်ဝါရီလ (၃)ရက်။
ဖေဖော်ဝါရီလ (၂)ရက် နံနက် (၉)နာရီအချိန်ခန့်က နမ့်ဆန်မြို့နယ်ရှိ ဇယန်းကြီးရပ်ကွက်မှာ စစ်ကောင်စီရဲ့လက်နက်ကြီးတစ်လုံးကို ဆော့ရာက ပေါက်ကွဲပြီး ကလေး (၃)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပေါက်ကွဲမှုကြောင့် မိုင်းနေမင်းအောင် အသက် (၆)နှစ်၊ မိုင်းလှိုင်မင်းအောင် အသက် (၁၀)နှစ်နဲ့ မိုင်းအောင်ကျော်ဇော် အသက် (၁၁)နှစ်တို့ (၃)ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ဆမ်မြို့တိုက်ပွဲမှာ စစ်ကောင်စီက သူတို့တပ်၀န်းကျင်အပြင် မြို့ထဲ တပ်စွဲထားတဲ့ နေရာတွေနဲ့ ပြည်သူတွေရဲ့ ခြံ၀င်းထဲမှာ မိုင်းထောင်တာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် TNLA အနေနဲ့ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေနဲ့ ပစ်ခတ်ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ လက်နက်ကြီးတွေကို လိုက်လံရှင်းလင်းနေကာ တွေ့ရှိရင် အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။