ဖေဖော်ဝါရီလ (၃)ရက်။
ဖေဖော်ဝါရီ (၁)ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၁)တပ်ရင်းကို မိုင်းခွဲကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ခမရ(၅၉၁)တပ်ရင်းကို ဒေါနစစ်ကြောင်းနဲ့ ရေးသိမ်းငှက်အဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်စခန်းထဲကို (၄၀)မမနဲ့ ပစ်ထည့်ပြီးနောက် ဂိတ်ရှေ့ကို မိုင်းခွဲခဲ့တာလို့ ဆိုပါတယ်။
တပ်စခန်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမယ့် တပ်ထဲကနေ တယောက်မှ ထွက်လာခဲ့တာမရှိသလို (၅၉၁)တပ်ရင်းဟာ ခမရ(၅၈၃)ကို ပြောင်းရွှေ့သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ခမရ(၅၉၁)တပ်စခန်းထဲမှာ မိုင်းကွင်းတွေသာ ပြုလုပ်ထားပြီး မြေပြင်သတင်းအခြေအနေတွေအရ (၅၉၁)တပ်ဟာ တပ်ပျက်နေပြီဖြစ်တယ်လို့ ခန့်မှန်းပြောဆိုထားချက်အရ သိရပါတယ်။