နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ခြယ်တဲ့လုပ်ရပ်မှန်သမျှ ဆန့်ကျင်တယ်လို့ NUG ထုတ်ပြန်

မေလ (၃)ရက်။

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် တားဆီးချုပ်ခြယ်တဲ့ ဘယ်လိုလုပ်ရပ်တွေကိုမဆို ဆန့်ကျင်တယ်လို့ NUG ရဲ့ ဒီကနေ့မှာ သဘောထားထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်းမီဒီယာတွေရဲ့ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမယ့် ကန့်သတ် တားဆီး ချုပ်ခြယ်တာမှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေဖို့ အားပေးထောက်ခံသွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေဖို့ ကြိုးစားသွားမယ်လို့ ဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေဖို့နဲ့ ခြိမ်းခြောက်နှောင့်ယှက်တဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကာ သတင်းသမားတွေကို ကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ပြည်သူအနေနဲ့ တိုင်းရေးပြည်ရာကိစ္စအဝဝကို သိရှိနားလည်ပြီး ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ရွေးချယ်ချမှတ်နိုင်စေဖို့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ အထူးအရေးပါတာကို အသိအမှတ်ပြုတယ်လို့လဲ ပြောဆိုထားပါတယ်။

ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာတွေအပါအဝင် လွတ်လပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ဖို့ အားပေးထောက်ခံတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 18 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ