နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဆန္ဒပြသူတွေကို ကာကွယ်ပေးမှာမဟုတ်ဘူးလို့ ဂျိုးဘိုင်ဒန်ပြောကြား

ဆန္ဒပြသူတွေကို ကာကွယ်ပေးမှာမဟုတ်ဘူးလို့ ဂျိုးဘိုင်ဒန်ပြောကြား

+++++++++++++++++

တင်းမာမှုတွေမြင့်တက်နေတဲ့ လော့စ်အိန်ဂျလိစ်မြို့က ကယ်လီဖိုးနီးယားတက္ကသိုလ်အတွင်းက ပါလက်စတိုင်းအရေးဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့ဝင် ဝင်ရောက်ဖြိုးခွင်းခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဂါဇာအပေါ် အစ္စရေးရဲ့ တရားလက်လွန်ကျူးလွန်မှုအတွက် မကျေနပ်တဲ့ကျောင်းသားတွေဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ဝင်းအတွင်း စခန်းချ ဆန္ဒပြနေကြတာဖြစ်ပြီး အစ္စရေးကိုထောက်ခံသူအချို့နဲ့လည်း ရုန်းရင်းဆန်ခတ်တွေဖြစ်ပွါးခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲဟာ ဗုဒ္ဓဟူးနေ့ညပိုင်းကစပြီး ကာကွယ်ရေးတန်ဆာအပြည့်အစုံဝတ်ဆင်ကာ တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ခဲ့ပြီး ဆန္ဒပြသူတွေရဲ့ ယာယီတဲတွေထဲ ဝင်ရောက်ဖြိုခွင်းဖို့ ကြိုးပမ်းခဲ့တာပါ။ နံနက်လင်းအားကြီး ၃ နာရီ 15 မိနစ်ခန့်မှာတော့ ရဲတပ်ဖွဲ့ဟာ တက္ကသိုလ်ဝင်းအတွင်းက ထွက်ခွါဖို့ ငြင်းဆိုသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဖြိုခွင်းမှုကို ဦးဆောင်သူတွေဟာ ကယ်လီဖိုးနီးယားအဝေးပြေးလမ်းပေါ်က ကင်းလှည့်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နံပတ်တုတ်တွေ၊ ဒိုင်းတွေနဲ့ ကိုင်ဆောင်ထားကြပါတယ်။

မီဒီယာတွေရဲ့ဖော်ပြချက်အရတော့ တက္ကသိုလ်ဝင်းအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ 300 ကနေ 500 ကြားရှိလိမ့်မယ်လို့ ခန့်မှန်းရပြီး ဝင်ရောက်ဖြိုခွင်းချိန် တက္ကသိုလ်ဝင်းအပြင်ဘက်မှာတော့ စုဝေးနေတဲ့ ဆန္ဒပြသူအရေအတွက်က 2000 ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

အစ္စရေး-ဟားမက်စ်စစ်ပွဲနဲ့စပ်ဆက်တဲ့ နိုင်ငံတဝန်းက တက္ကသိုလ်တွေမှာဖြစ်ပွါးနေတဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ ကျတော်တို့ ဆန္ဒပြပွဲဓါတ်ပုံတွေ မြင်ခဲ့ရပြီးပါပြီ။ သူတို့က အမေရိကန်နိုင်ငံရဲ့ အခြေခံကျတဲ့ ဥပဒေနှစ်ခုကို စမ်းသပ်နေတာပါ။ ပထမတစ်ချက်က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ နှစ်ခုစလုံးကို ကျတော်တို့ လက်ကိုင်ထားဖို့ လိုပါတယ်”လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဆက်လက်ပြီး ဘိုင်ဒန်က “ အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုမဟုတ်ပါဘူး။ ဒါကို ဥပဒေအရ တားမြစ်ထားပါတယ်။ ပိုင်နက်ကျူးလွန်တာ၊ ပြူတင်းပေါက်တွေကို ဖောက်ဖျက်ဝင်ရောက်တာ၊ ကျောင်းတွေကို ပိတ်ခိုင်းပြီး ကျောင်းဆင်းပွဲတွေကို ဖျက်သိမ်းခိုင်းတာတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြတာတွေ မဟုတ်ပါဘူး။ ဒါက လူတွေကို ခြိမ်းခြောက်ခြင်းသက်သက်သာဖြစ်ပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ အစ္စရေး ဟားမက်စ် စစ်ပွဲနဲ့ စပ်ဆက်တဲ့ ဆန္ဒပြပွဲတွေ တက္ကသိုလ်ဝင်းတွေအတွင်း စတင်ပြုလုပ်လာချိန်မှာ ဘာမှတ်ချက်မှ ပြောဆိုခဲ့ခြင်းမရှိပေမယ့် ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွင်းပြီးတဲ့နောက်မှာတော့ သူတို့အနေနဲ့ ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေအားလုံးကို အကာအကွယ်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ