နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဆန္ဒပြသူတွေကို ကာကွယ်ပေးမှာမဟုတ်ဘူးလို့ ဂျိုးဘိုင်ဒန်ပြောကြား

ဆန္ဒပြသူတွေကို ကာကွယ်ပေးမှာမဟုတ်ဘူးလို့ ဂျိုးဘိုင်ဒန်ပြောကြား

+++++++++++++++++

တင်းမာမှုတွေမြင့်တက်နေတဲ့ လော့စ်အိန်ဂျလိစ်မြို့က ကယ်လီဖိုးနီးယားတက္ကသိုလ်အတွင်းက ပါလက်စတိုင်းအရေးဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့ဝင် ဝင်ရောက်ဖြိုးခွင်းခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဂါဇာအပေါ် အစ္စရေးရဲ့ တရားလက်လွန်ကျူးလွန်မှုအတွက် မကျေနပ်တဲ့ကျောင်းသားတွေဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ဝင်းအတွင်း စခန်းချ ဆန္ဒပြနေကြတာဖြစ်ပြီး အစ္စရေးကိုထောက်ခံသူအချို့နဲ့လည်း ရုန်းရင်းဆန်ခတ်တွေဖြစ်ပွါးခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲဟာ ဗုဒ္ဓဟူးနေ့ညပိုင်းကစပြီး ကာကွယ်ရေးတန်ဆာအပြည့်အစုံဝတ်ဆင်ကာ တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ခဲ့ပြီး ဆန္ဒပြသူတွေရဲ့ ယာယီတဲတွေထဲ ဝင်ရောက်ဖြိုခွင်းဖို့ ကြိုးပမ်းခဲ့တာပါ။ နံနက်လင်းအားကြီး ၃ နာရီ 15 မိနစ်ခန့်မှာတော့ ရဲတပ်ဖွဲ့ဟာ တက္ကသိုလ်ဝင်းအတွင်းက ထွက်ခွါဖို့ ငြင်းဆိုသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဖြိုခွင်းမှုကို ဦးဆောင်သူတွေဟာ ကယ်လီဖိုးနီးယားအဝေးပြေးလမ်းပေါ်က ကင်းလှည့်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နံပတ်တုတ်တွေ၊ ဒိုင်းတွေနဲ့ ကိုင်ဆောင်ထားကြပါတယ်။

မီဒီယာတွေရဲ့ဖော်ပြချက်အရတော့ တက္ကသိုလ်ဝင်းအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ 300 ကနေ 500 ကြားရှိလိမ့်မယ်လို့ ခန့်မှန်းရပြီး ဝင်ရောက်ဖြိုခွင်းချိန် တက္ကသိုလ်ဝင်းအပြင်ဘက်မှာတော့ စုဝေးနေတဲ့ ဆန္ဒပြသူအရေအတွက်က 2000 ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

အစ္စရေး-ဟားမက်စ်စစ်ပွဲနဲ့စပ်ဆက်တဲ့ နိုင်ငံတဝန်းက တက္ကသိုလ်တွေမှာဖြစ်ပွါးနေတဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ ကျတော်တို့ ဆန္ဒပြပွဲဓါတ်ပုံတွေ မြင်ခဲ့ရပြီးပါပြီ။ သူတို့က အမေရိကန်နိုင်ငံရဲ့ အခြေခံကျတဲ့ ဥပဒေနှစ်ခုကို စမ်းသပ်နေတာပါ။ ပထမတစ်ချက်က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ နှစ်ခုစလုံးကို ကျတော်တို့ လက်ကိုင်ထားဖို့ လိုပါတယ်”လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဆက်လက်ပြီး ဘိုင်ဒန်က “ အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုမဟုတ်ပါဘူး။ ဒါကို ဥပဒေအရ တားမြစ်ထားပါတယ်။ ပိုင်နက်ကျူးလွန်တာ၊ ပြူတင်းပေါက်တွေကို ဖောက်ဖျက်ဝင်ရောက်တာ၊ ကျောင်းတွေကို ပိတ်ခိုင်းပြီး ကျောင်းဆင်းပွဲတွေကို ဖျက်သိမ်းခိုင်းတာတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြတာတွေ မဟုတ်ပါဘူး။ ဒါက လူတွေကို ခြိမ်းခြောက်ခြင်းသက်သက်သာဖြစ်ပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ အစ္စရေး ဟားမက်စ် စစ်ပွဲနဲ့ စပ်ဆက်တဲ့ ဆန္ဒပြပွဲတွေ တက္ကသိုလ်ဝင်းတွေအတွင်း စတင်ပြုလုပ်လာချိန်မှာ ဘာမှတ်ချက်မှ ပြောဆိုခဲ့ခြင်းမရှိပေမယ့် ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွင်းပြီးတဲ့နောက်မှာတော့ သူတို့အနေနဲ့ ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေအားလုံးကို အကာအကွယ်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 4 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး