မေလ (၃) ရက်။
စစ်ကိုင်းတိုင်း အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ရင်း (၁) က ရဲဘော်ပိုင်ပိုင် ခေါ် နွေရောင်ဟာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးအတွင်း ဧပြီလ (၃) ရက်နေ့က ကျဆုံးသွားခဲ့တယ်လို့ BNRA က ဒီနေ့ မေလ (၃) ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလ ပထမပတ်မှာ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးရဲ့ ချိတ်ဆက်မှုနဲ့ BNR တပ်ရင်း (၁) ရဲ့ ဗျူဟာမြောက် လက်နက်အဖွဲ့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
CDF-Kanpetlet အပါအဝင် အခြား ချင်းညီနောင် CDF အဖွဲ့ဝင်များ၊ YDF, GZA, LPDF နဲ့ MOD တပ်ရင်းအချို့ တို့နဲ့အတူ BNRA လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလူထုတော်လှန်ရေးဟား မျှတမှု၊ ညီညွတ်မှု၊ စည်းလုံးမှုတို့နဲ့ ပေါင်းစပ်မှသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ အခြားတော်လှန်ရေး အင်အားစုတွေကိုလည်း အသိပေးတင်ပြတိုက်တွန်းထားပါတယ်။