နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဗျိုင်းဖြူရွာဖြစ်စဉ်မှာ ပါဝင်သူတွေကို လက်စားချေသွားမယ်လို့ AA ပြော

ဇွန်လ (၃)ရက်။

အပြစ်မဲ့အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ စစ်တွေမြို့က ဗျိုင်းဖြူရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်စားချေသွားမယ်လို့ AA ရဲ့ ဒီက‌နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အခုလို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အ‌ပေါ် ပြစ်မှုကျူးလွန်တာတွေကို ပြင်းထန်စွာ ရှုတ်ချထားပြီး နောက်ထပ်မဖြစ်ပေါ်စေဖို့ ပြင်းထန်စွာ သတိပေးထားပါတယ်။

အခုအဖြစ်အပျက်ဟာ အာရက္ခပြည်သူလူထုတစ်ရပ်လုံးအတွက် သမိုင်းမှာ ဘယ်သောအခါမှ မေ့ပျောက်လို့ ရနိုင်မှာမဟုတ်တဲ့ ဖက်ဆစ်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တစ်ခုအဖြစ် ကျန်ရစ်နေမှာလို့ ဖော်ပြထားပါတယ်။

မေလ (၂၉)ရက်နေ့က စစ်ကောင်စီအပါအဝင် ALP တပ်ဖွဲ့ဝင်အချို့နဲ့ အကြမ်းဖက်သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်တွေဟာ ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့ထားပြီး တစ်ရွာလုံးကို ဖမ်းဆီးခဲ့တာလို့ ရေးသားထားပါတယ်။

ရွာသူရွာသားတွေကို ဖမ်းဆီးပြီးတဲ့နောက် လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နေပူလှန်းထားတာ၊ အစောရေစာမပေးဘဲထားတာ၊ နှိပ်စက်ညှင်းပန်းတာနဲ့ လက်နက်အားကိုးနဲ့ သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဖမ်းဆီးထားသူတွေထဲက အရပ်သားပြည်သူ (၅၃)ဦးကို သတ်ဖြတ် အလောင်းဖျောက်တာနဲ့ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်တာ၊ ထောင်ချီတဲ့ပြည်သူတွေကို ဓါးစာခံအနေနဲ့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခဒေသမှာ တကျော့ပြန်တိုက်ပွဲတွေပြန်စတဲ့အချိန်က စစ်ကောင်စီဟာ ပေါက်တောမြို့မှာ အခုလိုမျိုး စစ်ရာဇဝတ်မှုကို ပြုလုပ်ခဲ့တာကြောင့် AA က အဲ့ဒီကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြင်းထန်စွာ တုံပြန်လက်စားချေခဲ့တယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 53 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို