ဇူလိုင်လ (၃) ရက်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတာပရာဒက်ရှ်ပြည်နယ်မှာ ဇူလိုင် ၂ ရက်က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း လူများအလွန်ပြည့်ကျပ်ခဲ့ပြီး လူအုပ်ကြီး ကသောင်းကနင်း ဖြစ်ပွားကာ လူ ၁၂၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ပွဲစီစဉ်သူတွေက လာရောက်သူ ၈၀၀၀၀ သာ ခွင့်ပြုထားခဲ့ပေမယ့် လာရောက်သူ ၂၅၀၀၀၀ ကျော်အထိ သုံးဆကျော် ပိုမိုများပြားခဲတယ်လို့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ သေဆုံးသူအများစုမှာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခမ်းအနားစတင်ပြီးနောက် နာရီပိုင်းအကြာမှာ အဝေးပြေးလမ်းတစ်လျှောက်ရှိ ရွှံ့နွံတွေထူထဲနေတဲ့ နေရာမှာ ဖိနပ်တွေ ပြန့်ကြဲနေတာကို တွေ့မြင်ရပါတယ်။
ဝန်ကြီးချုပ်မိုဒီက သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ဒေါ်လာ ၂၄၀၀ နစ်နာကြေးပေးဖို့နဲ့ ဒဏ်ရာရရှိသူတွေကို ဒေါ်လာ ၆၀၀ နစ်နာကြေးပေးဖို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။