နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ရဲ့ ပြည်ထောင်စုဝန်ကြီးနေရာ အစားထိုးလဲပေးဖို့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ တောင်းဆို

အောက်တိုဘာလ (၃)ရက်။

NUG ရဲ့ ပြည်ထောင်စုဝန်ကြီးနေရာ အစားထိုးလဲလှယ်ပေးဖို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က စက်တင်ဘာလ (၁၉)ရက်နေ့မှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ICNCC က အစားထိုးလဲလှယ်ဖို့ တောင်းဆိုထားတဲ့ ပြည်ထောင်စုဝန်ကြီးဟာ ဒေါက်တာလျန်မှုန်းဆာခေါင်းဖြစ်ပြီး သူဟာ ICNCC ကို ကိုယ်စားပြုပြီး NUG ကို စေလွှတ်ခံထားရသူလို့ ဆိုပါတယ်။

အခုအခါ ဒေါက်တာလျန်မှုန်းဆာခေါင်းဟာ ၂၀၂၃ခုနှစ် မတ်လ (၁၈)ရက်နေ့မှာ ICNCC ရဲ့ အဖွဲ့ဝင်ကနေ နှုတ်ထွက်ပြီးဖြစ်တာကြောင့် ICNCC ရဲ့ အဖွဲ့မှာ မပါဝင်တော့ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် NUG ရဲ့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ခန့်အပ်ထားတဲ့ ဒေါက်တာလျန်မှုန်းဆာခေါင်းရဲ့နေရာမှာ Dr. Kenton Linn ကို အစားထိုးခန့်အပ်ပေးဖို့ ကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ပေးပို့တောင်းဆိုတာလို့ ရေးသားထားပါတယ်။

အခုလို ပြည်ထောင်စုဝန်ကြီးနေရာ အစားထိုးလဲလှယ်တာနဲ့ပတ်သက်ပြီး အမျိုးသားအတိုင်ပင်ခံကောင်စီ(NUCC)ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးဖို့ကိုလဲ ICNCC က ပြောဆိုထားပါတယ်။

ဒေါက်တာလျန်မှုန်းဆာခေါင်းဟာ NUG မှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးအနေနဲ့ တာဝနယူထားပြီး သူနဲ့အတူ လူကယ်ပြန်ဒုဝန်ကြီးဖြစ်တဲ့ ဒေါက်တာ ငိုင်တမ်မောင်းကိုလဲ အစားထိုးလဲလှယ်ပေးဖို့ ICNCC က တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းအမျိုးသားကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့တဲ့အပေါ် NUG ကြိုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ချင်းပြည်ကောင်စီ(Chinland Council)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ရဲ့ ချင်းအမျိုးသားကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့တဲ့အပေါ် ကြိုဆိုဂုဏ်ပြုတယ်လို့ NUG ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြင်းခြံမြို့ရှိ စစ်ကောင်စီအထိုင်ဂိတ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ စစ်ကောင်စီအထိုင်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ Myingyan
မြန်မာသတင်း

စလင်းမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့ မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မကွေးတိုင်း စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့က မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းပြီးဖြစ်တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းတဲ့ (၆)ဖွဲ့ဟာ ဒေါင်းစစ်အောင်(LPDF)၊ မင်းဘူးခရိုင် အမှတ်(၁)နဲ့ အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းကနေ ဖယ်ရှားဖို့ ကော်မတီဖွဲ့ ဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ အာဂျင်တီးနားတရားရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဖမ်းဝရမ်းထုတ်တာကနေ စာရင်းဖယ်ရှားဖို့ ကော်မတီတရပ် ဖွဲ့စည်းသွားမယ်လို့ NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဝရမ်းထုတ်တာကနေ ဖယ်ရှားဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ(Justice
မြန်မာသတင်း

ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးတို့မှာ ပြည်ပနိုင်ငံသား (၂၀၀)ကို စစ်ကောင်စီထပ်ဖမ်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က မြဝတီမြို့ရှိ ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးနယ်မြေတို့မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား (၂၀၀)ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်ပနိုင်ငံသား (၂၀၀)ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကနေတဆင့်
မြန်မာသတင်း

(၃)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၄)ရက်ကနေ (၂၆)ရက်နေ့အထိ တောထဲနေရာတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ နတ်ရေကန် ဆက်သွယ်ရေးတာဝါတိုင် မြောက်ဘက်
မြန်မာသတင်း

ဆားလင်းကြီးမြို့က ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပအဖ ညွှန်ကြား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဆားလင်းကြီးမြို့နယ်ထဲရှိ ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်နိုင်ဖို့ကို ယင်းမာပင်ခရိုင်ပအဖက ဖေဖော်ဝါရီလ (၂၂)ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားလာခဲ့တာလို့ ဆိုပါတယ်။ ယင်းမာပင်ခရိုင်ထဲ
မြန်မာသတင်း

မုံရွာရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း(ဗောဓိတထောင်)စခန်းမှာ ရဲအင်အား (၁၇)ဦး အခြေချထားပြီး