နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရကာ မီးနေသည်ကလေးမိခင်အပါအဝင် (၃)ဦးသေဆုံးခဲ့

‌နိုဝင်ဘာလ (၃)ရက်။

နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဆမ္မဆယ်ရွာနဲ့ သကြားစက်ရုံကို ဂျက်ဖိုက်တာနဲ့ ဗုံး (၆)လုံး ကြဲသွားတာ။ သေဆုံးသူတွေထဲ မီးနေသည်ကလေးအမေနဲ့ သက်ကြီးရွယ်အိုတွေလဲ ပါတယ်။ သံဃာတွေလဲ ထိခိုက်ဒဏ်ရာရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဆမ္မဆယ်ရွာနဲ့ သကြားစက်ရုံကို ဂျက်ဖိုက်တာနဲ့ (၄)နာရီ (၁၃)မိနစ်မှာ တကြိမ်၊ (၁၆)မိနစ်မှာ တစ်ကြိမ်နဲ့ (၂၄)မိနစ်မှာ တစ်ကြိမ် ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးမီးဖွားပြီး (၃)ရက်သာရှိသေးတဲ့ မီးနေသည် ကလေးမိခင်အပါအဝင် အသက်(၇၀)အရွယ် အဖိုးတစ်ဦးနဲ့ အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သံဃာတော် (၂)ပါးနဲ့ ဒေသခံ (၄)ဦး စုစုပေါင်း (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သကြားစက်ရုံနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၇)ရက်နေ့ကလဲ နောင်ချိုမြို့ သပြေရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကာ နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက်
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အစည်းအဝေးဆိုပြီး လူစုခိုင်းကာ ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 3 Views
နိုဝင်ဘာလ (၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်၊ ဘူးကြီးရွာက အပြစ်မဲ့ပြည်သူ (၅၀)ခန့်ကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးသွားခဲ့တယ်လို့
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင် ဂတ်စ်ဆိုင် ဖောက်ခွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 7 Views
ဆယ်အိမ်မှူးတစ်ဦးသေဆုံးပြီး ရာအိမ်မှူးနဲ့ စစ်ကောင်စီအရာရှိ ညီတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၄)ရက်။ မနေ့က နံနက် (၆)နာရီခန့်မှာ လှိုင်သာယာမြို့နယ်ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင်ဆိုင်တဲ့ ဂတ်စ်ဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တံတားဦးမြို့မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက် ည (၉)နာရီခွဲအချိန်က မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ တံတားဦးမြို့နယ် ထနောင်းကိုင်းကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

ကျောက်တံခါးမြို့နယ်တိုက်ပွဲထဲ စစ်ကောင်စီ (၃)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 4 Views
နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့က ကျောက်တံခါးမြို့နယ်ရှိ ဆင်ရိုးခင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆင်ရိုးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA
မြန်မာသတင်း

ခေါပုတ်စခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး (၃)ဦးအပါအဝင် (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 7 Views
‌နိုဝင်ဘာလ (၄)ရက်။ မနေ့က ဖာပွန်မြို့ရှိ ခေါပုတ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့်ရှိတဲ့ ဗိုလ်ကြီး (၃)ဦးအပါအဝင် စစ်သုံ့ပန်း (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNLA၊ PDF၊
မြန်မာသတင်း

မြစ်ကြီးနားမြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို ခေါ်တွေ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 9 Views
နိုဝင်ဘာလ (၄)ရက်။ မနေ့က မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်တွေ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေအနေနဲ့ မြို့လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို တာဝန်ရှိရှိ၊
မြန်မာသတင်း

ထိပ်သီးအစည်းအဝေးတွေတက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမယ်လို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 12 Views
နိုဝင်ဘာလ (၄)ရက်။ အခုရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်ထဲ နိုဝင်ဘာလ (၆)ရက်ကနေ (၇)ရက်အထိကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေကို