နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

အောက်တိုဘာလထဲ ရန်ကုန်မှာ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာ (၁၈)ကြိမ်အထိရှိခဲ့

‌နိုဝင်ဘာလ (၃)ရက်။

အောက်တိုဘာလက ရန်ကုန်တိုင်းထဲ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို စစ်ဆင်ရေးဖော်ဆောင်တာ (၁၈)ကြိမ်အထိရှိခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

“ပြီးခဲ့တဲ့လက ရန်ကုန်မှာ ဖောက်ခွဲတိုက်ခိုက်တာ (၁၃)ကြိမ်၊ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရတာ (၃)ကြိမ်နဲ့ လုပ်ကြံတာ (၂)ကြိမ်ပါ။ စကစရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာတွေမှာ စကစတပ်သား‌တွေ ထိခိုက်သေဆုံးတာတွေရှိတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက စစ်ရေးဖော်ဆောင်တာမှာ စစ်အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေတဲ့ မြောက်ဥက္ကလာပ၊ ရွှေပြည်သာနဲ့ တောင်ဒဂုံတို့က အုပ်ချုပ်ရေးမှူးရုံးတွေအပုင် လှည်းကူးမြို့မရဲစခန်း၊ အဝေးပြေးကားဝင်းအနီးရှိ စရဖဝင်း၊ မှော်ဘီလေတပ်နဲ့ ခမရ (၁၀၆)တို့ကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ဆင်ရေးတွေထဲ မိုင်းခွဲတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀)ကြိမ်နဲ့ လက်ပစ်ဗုံးနဲ့ (၄)ကြိမ်အပြင် ၄၀မမ၊ ရှော့တိုက်ဒုံး၊ လက်နက်အတိုနဲ့ တုတ်/ဓါးတို့နဲ့ ‌လုပ်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ မြို့နယ်တွေဟာ မြောက်ဥက္ကလာပမှာ (၄)ကြိမ်၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမှာ (၂)ကြိမ်စီနဲ့ ကြည့်မြင်တိုင်၊ တောင်ဒဂုံ၊ ဒဂုံ၊ ဗဟန်း၊ မရမ်းကုန်း၊ မှော်ဘီ၊ လှည်းကူးနဲ့ အင်းစိန်တို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရန်ကုန်မှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက စစ်ကောင်စီနဲ့ လက်အောက်ခံတွေကို စစ်ရေးပစ်မှတ်အနေနဲ့ သတ်မှတ်ပြီး တိုက်ခိုက်နေတာပါ။

အကြမ်းဖက်စစ်အုပ်စုကလဲ ရန်ကုန်မှာ လုံခြုံရေးတွေ တင်းကြပ်ထားကာ ညပိုင်းအချိန်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို