နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားတာကြောင့် ဖမ်းဆီးခံရသူ (၁၈၀၀)ကျော်ရှိခဲ့

ဒီဇင်ဘာလ (၃)ရက်။

(၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄၀)ဦးရှိတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ ရေးသားပြောဆိုဆက်သွယ်တာတွေကြောင့်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီက ဖမ်းဆီးတာဟာ ၂၀၂၂ခုနှစ်မှာ (၈၄၇)ဦး၊ ၂၀၂၃ခုနှစ်မှာ (၆၁၅)ဦးနဲ့ ၂၀၂၄ခုနှစ် အောက်တိုဘာလအထိ (၃၁၅)ဦးရှိခဲ့ကာ ပြီးခဲ့တဲ့ (၂)နှစ်ထဲ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ အများစုဟာ ရန်ကုန်နဲ့ မန္တလေးတို့က အွန်လိုင်းအသုံးပြုသူတွေဖြစ်ပြီး ပျမ်းမျှအနေနဲ့ လတိုင်း အွန်လိုင်းအသုံးပြုသူ (၅၆)ဦးခန့် ဖမ်းဆီးခံနေရတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဖမ်းဆီးခံရသူအများစုဟာ Facebook ပေါ်မှာ ရေးသားမျှဝေတာကြောင့် ဖမ်းဆီးခံရတာဖြစ်သလို အခြားအွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Tiktok၊ Telegram နဲ့ Viber တို့မှာ ရေးသားတာကြောင့်လဲ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း လူထုလှုပ်ရှားတာတွေအတွက် အရေးပါတဲ့ လူမှုကွန်ရက်နဲ့ အွန်လိုင်းပလက်ဖောင်း‌တွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းခဲ့ပြီး အင်တာနက်ဖြတ်တောက်တာနဲ့ Facebook လို လူမှုကွန်ရက် အသုံးမပြုနိုင်အောင် ပိတ်ပင်တာတို့ ပြုလုပ်နေတာပါ။

စစ်ကောင်စီဟာ ၂၀၂၂ခုနှစ်ကစပြီး လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ရင် အကြမ်းဖက်ပုဒ်မ၊ နိုင်ငံအကြည်ညိုပျက်စေတဲ့ပုဒ်မနဲ့ ဆက်သွယ်ရေးပုဒ်မတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ပြီး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်နဲ့ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ မတ္တရာမြို့နယ်ပကဖ ဆင့်‌ခေါ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 24 Views
စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို ဧပြီလ (၂၃)ရက်။ တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက
မြန်မာသတင်း

အာဆီယံနဲ့ ပုံမှန်ဆက်ဆက်ရေး ပြန်ရဖို့ ထောက်ခံပေးမယ်ဆိုပြီး နေပြည်တော်ရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 23 Views
ဧပြီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ
မြန်မာသတင်း

နေပြည်တော်အနီး စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁) ပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 23 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

KTLA ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 22 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၄)နာရီအချိန်က ကစယ်ဒိုမြို့ သမီးပေါ်သောရွာမှာ KNLA တပ်ဖွဲ့ဝင်တွေကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သမီးပေါ်သောရွာထဲ လုံခြုံရေးယူနေတဲ့
မြန်မာသတင်း

ငဖဲမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ ကပစ(၁၄) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ဗိုလ်အဆင့်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ငဖဲမြို့ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Asho ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 29 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့ ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ ထွန်းဝင်းဟာ ၁၉၈၉ခုနှစ်မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၄)ဆင်းဖြစ်တယ်လို့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 32 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲဒီနေ့က ကျွန်တော်တို့ ပတ်ပြီးကြည့်တဲ့အချိန် မိုင်းကွင်းထဲမှာ
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ