နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မင်းပြားမှာ မိန်းကလေးငယ်တစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့တဲ့အပေါ် ပါဝင်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်သား ဝန်ခံထွက်ဆို

မတ်လ (၄)ရက်။

ဇန်နဝါရီလ (၁၇)ရက်နေ့က မင်းပြားမြို့နယ်၊ င/တန်ပျင်းရွာသူ မိန်းကလေးငယ်တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာကို ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်သားရဲ့ ဝန်ခံထွက်ဆိုချက်ကို AA က ရုပ်သံဖိုင်နဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ကြောင်းသွားတဲ့အချိန်မှာ အန်တီကြီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပါတယ်။ အဲ့ဒီအချိန် ခေါ်ယူဒူးထောက်ခိုင်းကာ ကောင်မလေးကို ပြောပါတယ်။ ကောင်မလေးက မလုပ်ဖို့လဲ ငိုယို ပြောပေမယ့် ပုဝါစည်းပြီးတော့ အထဲကိုခေါ်သွားပါတယ်” လို့ စစ်ကောင်စီတပ်သား ကိုကိုအောင်က ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ စစ်ကောင်စီစစ်ကြောင်း (၂)အနေနဲ့ သွားရောက်ခဲ့ပြီး ကျေးရွာနေ သားအမိနှစ်ယောက်ကို တွေ့ရှိတာကြောင့် ခေါ်ယူကာ သမီးဖြစ်သူကို ငိုပြီးငြင်းဆန်နေတဲ့ကြားက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

“ အုပ်စုဖွဲ့အဓမ္မကျင့်ပြီးတော့ အန်တီကြီးရဲ့ နဖူးကို ပစ်သတ်လိုက်ပါတယ်။ အဲ့ဒီကောင်မလေးကို ရင်ဘတ်တစ်ချက် ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီလိုပစ်တော့ မသေတာနဲ့ လည်ပင်းကို လှီးလိုက်ပါတယ်၊ နောက်ပြီး ဒီအတိုင်းထားခဲ့ပြီး ရှေ့ဆက်သွားကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်သွားချိန် ကျူးလွန်ခဲ့သူတွေဖြစ်ကြတဲ့ တပ်ကြပ်ကြီး ကျော်မျိုးဦးဟာ နဖူးကို စနိုက်ပါထိမှန်သေဆုံးခဲ့သလို ဒုတပ်ကြပ် သူရနိုင်ဟာ ဆီးခုံထိမှန်သေဆုံးခဲ့ကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးလဲ ကျည်ထိမှန်သေဆုံးခဲ့ပြီး အမိန့်ပေးခဲ့တဲ့ ဗိုလ်ကြီးဟာ မီးလောင်သေဆုံးခဲ့ကာ တပ်သား ကိုကိုအောင်ကတော့ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

အခုလို AA ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ကိုကိုအောင်ဟာ ဇန်နဝါရီလ (၁၆)ရက်နေ့က မင်းပြားမြို့၊ င/တန်ကျေးရွာကို ရောက်ရှိလာတာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်အောက်ခံ၊ ခမရ(၂၀၅)တပ်ရင်းက ကျူးလွန်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ကျူးလွန်ခဲ့တာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သား ကိုကိုအောင်ရဲ့ အဲ့ဒီဖြစ်စဉ်ကို သရုပ်ပြတဲ့ ရုပ်သံမှတ်တမ်းကိုလဲ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 42 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 47 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ