အမေရိကန်နိုင်ငံတွင် ကားသူခိုးများသည် ကားတွင်ပါသည့် အီလက်ထရောနစ်သော့ကို ပုံတူကူးယူပြီး ကားအမျိုးအစားတမျိုးကိုသာ အဓိကခိုးယူနေကြသည်ဟု ဆိုသည်။
တရားမဝင်လမ်းမများကိုပိတ်၍ ကားပြိုင်ပွဲများတွင် ခိုးယူလာသောကားများနှင့် အမောင်းပြိုင်ကြသည်ဟု ဆိုသည်။
ကားခိုးမှုများသည် ယခုနှစ်တွင် ၁၂၈၅% အထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။ အထူးသဖြင့် ရှယ်ဗီကင်မယို (Chevy Camaros) အမျိုးအစားကားကို ခိုးယူခံရသည်ဟု ဆိုသည်။
ကားခိုးသူများသည် ကားပိုင်ရှင်များက မိမိတို့ ကားသော့ကို အထားမှားပျောက်ဆုံးသွားခဲ့ပါက ကုမ္ပဏီမှ ကားသော့ကို ရောင်းချပေးသည့် ဝက်ဆိုက်များမှ ကားသော့များကိုမှာယူပြီး ခိုးယူမည့်ကားသော့ထံမှ ဒေတာကိုကူးယူ အသုံးချသည်ဟု ဆိုသည်။ ကူးထားသော ကားသော့ဖြင့် ကားထဲဝင်ရောက်ပြီးနောက် သော့ကိုပရိုဂရမ်ပြန်လုပ်ခြင်း (reprogram) ပြုလုပ်သည်။ ထိုသို့လုပ်ဆောင်ရန် (၃) မိနစ်ခန့်သာကြာမြင့်သည်ဟု သိရသည်။
လော့အင်ဂျလိစ်တွင် ကားခိုးမှုရာခိုင်နှုန်း ၁၀၀၀% အထိ ယခုနှစ်တွင် မြင့်တက်လာခဲ့သည်။ ပုလိပ်အရာရှိက မိမိကားသော့များကို ခိုးယူသူများက ဆက်သွယ်မှုပြုပြီး ဒေတာများ မရယူနိုင်စေရန် အလျူမီနီယမ်စက္ကူပြားနှင့်ထုတ်ထားရန်နှင့် ကားအတွင်း ကားသော့ကို မထားခဲ့ရန် သတိပေးထားသည်။