နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘူးသီးတောင်၊ အမ်းနဲ့ မောင်တောက စစ်ကောင်စီစခန်းကြီးတွေကို အဓိကထိုးစစ်ဆင်နေတယ်လို့ AA ထုတ်ပြန်

ဧပြီလ (၄)ရက်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ အမ်းနဲ့ မောင်တောမြို့က စစ်ကောင်စီရဲ့ တပ်စခန်းကြီးတွေကို သိမ်းပိုက်နိုင်ဖို့ အဓိကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုရက်တွေမှာ စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် ခမရ(၅၆၄)တပ်ရင်းဌာနချုပ်နဲ့ အမ်းမြို့က တောဟိန်းတောင်ဗျူဟာအပါအဝင် အနီးဝန်းကျင်က စခန်းတွေနဲ့ မောင်တောရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို အဓိကတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီစခန်းကြီးတွေကို အဓိကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန် အခြားစစ်ကောင်စီစခန်းငယ်တွေကိုလဲ အပြီးသတ်သိမ်းပိုက်ရယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)အနေနဲ့ စစ်ကောင်စီရဲ့ ဘူးသီးတောင်၊ စကခ(၁၅)လက်အောက်ခံ ခမရ(၅၆၄)တပ်ရင်းဌာနချုပ်ကို ဧပြီလ (၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ရေးသားထားပါတယ်။

ဒါ့ပြင် မြေပုံမြို့က စစ်ကောင်စီရဲ့ ပွိုင့်(၂၅၇)စခန်းကိုလဲ ဧပြီလ (၂)ရက်နေ့ နံနက်(၆)နာရီ (၂၀)မိနစ်ကစပြီး ထိုးစစ်ဆင်နေကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေအသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်းအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လက်အောက်မှာရှိတဲ့ နည်းဗျူဟာအမှတ်(၃)စခန်းဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက ရွာသားတွေကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 12 Views
ဩဂုတ်လ (၆)ရက်။ ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းဝကျေးရွာကို ဝင်ရောက်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီတပ်က မြို့‌တွေကို လက်လွှဲဖို့ ထပ်တောင်းဆိုရင် ဆွေးနွေးပွဲရလဒ်ထွက်မှာမဟုတ်ဘူးလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 14 Views
ဩဂုတ်လ (၆)ရက်။ အခုလကုန်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတယ်လို့ မနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောခွင့်ရ လွေးယေဦးရဲ့
မြန်မာသတင်း

တရုတ်က မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် ကန်ဒေါ်လာ (၃)သန်းကျော် စစ်ကော်မရှင်ထံပေးအပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 12 Views
ဩဂုတ်လ (၆)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေလွှဲပြောင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို စစ်ကော်မရှင်ဝန်ကြီး (၁၀)ဦးနဲ့ ဒုဝန်ကြီးတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်
မြန်မာသတင်း

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 25 Views
ဩဂုတ်လ (၅)ရက်။ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အခုအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာ/လုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျန်းမာရေးအထူးစိုးရိမ်နေရတဲ့ ဦးမြင့်ဆွေကို အမှတ်(၂)စစ်ဆေးရုံ ကုတင် (၁၀၀၀)ရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 38 Views
ဩဂုတ်လ (၅)ရက်။ မနေ့က စစ်ကောင်စီတပ်ရဲ့ ခလရ(၄၀၃) ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင် တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင်တပ်သား
မြန်မာသတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 26 Views
ဩဂုတ်လ (၅)ရက်။ သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား
မြန်မာသတင်း

လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 23 Views
ဩဂုတ်လ (၅)ရက်။ ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်ခဲ့ရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ မင်းအောင်လှိုင် အမိန့်ပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 18 Views
ဩဂုတ်လ (၅)ရက်။ ရန်ကုန်-မန္တလေး အမြန်လမ်းက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မနေ့က အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လမ်းမကြီးအတိုင်း ကားနဲ့သွား