နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

အတိုက်အခံပါတီကို ဖျက်သိမ်းဖို့ ထိုင်းတရားရုံးလက်ခံ

ထိုင်းအတိုက်အခံပါတီတစ်ခုဖြစ်တဲ့ Moving Forward ပါတီ ဖျက်သိမ်းဖို့ကိစ္စကို ဧပြီလ ၃ ရက် ဗုဒ္ဓဟူးနေ့မှာ တရားရုံးက လက်ခံလိုက်ပါတယ်။ ဒါဟာ Moving Forward ပါတီအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှု တစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဩဇာကြီးမားတဲ့ ဘုရင်စနစ်ကို ဝေဖန်မှုမှ ကာကွယ်နိုင်တဲ့ ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ အငြင်းပွါးဖွယ်ရာ မဲဆွယ်မှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ရွေးကောက်ပွဲကော်မရှင်ကနေ စွဲဆိုထားတဲ့အမှုကို လက်ခံခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ တော်ဝင်မိသားစုကို စော်ကားခဲ့မယ်ဆိုရင် ထောင်ဒဏ် 15 နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ အဲဒီဥပဒေနဲ့ပတ်သက်ပြီး ဘုရင့်နန်းတော်က မှတ်ချက်ပေးလေ့မရှိပေမယ့် ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဥပဒေတွေထဲက တစ်ခုဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က စီရင်ချက်ဟာ ကြီးမားတဲ့အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးတဲ့ Moving Forward ပါတီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ဖွဲ့စည်းပုံ အခြေဥပဒေဆိုင်ရာတရားရုံးက Moving Forward ပါတီရဲ့ ဥပဒေပြင်ဆင်ရေး အစီအစဉ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘဲ ဘုရင်စနစ်ကို ဖြုတ်ချမယ့် အစီအစဉ်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် Moving Forward ပါတီကတော့ ဘုရင်စနစ်ကို ဖြုတ်ချမယ့် ရည်ရွယ်ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့ ပါတယ်။ Moving Forward ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ပြင်ဆင်ထားပြီး အခြေအနေတွေအားလုံးအတွက် အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ Moving Forward ပါတီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ်ရလဒ်နဲ့ အနိုင်ရပြီးတဲ့နောက် အခုလို ဖျက်သိမ်းဖို့ ကြုံလာခဲ့ရတာပါ။

Moving Forward ပါတီဟာ ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာ ၃၀ ရာခိုင်နှုန်းအထိ နေရာရထားတဲ့ အကြီးဆုံးပါတီးဖြစ်ပြီး မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ထိုင်းနိုင်ငံမှာ ရေပန်းအစားဆုံး ပါတီတစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရှေးရိုးဆန်တဲ့ လက်ရှိအနေအထားကို တွန်းလှန်ဖို့ ခြိမ်းခြောက်နေတဲ့ သူတို့ပါတီရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကြောင့် လူငယ်တွေနဲ့ မြို့ပြနေ လူတန်းစားတွေကြား လူကြိုက်များ လာခဲ့တာပါ။

ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်ကတော့ သူတို့အနေနဲ့ အနာဂတ်အတွက် ကျားကုတ်ကျားခဲ တိုက်ပွဲဝင်သွားမယ်လို့ ဖေဖော်ဝါရီလအတွင်းက ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 40 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု