နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

သက်တမ်းတိုးခွင့်ရတဲ့ ပြည်သူ့ပညာရေးကျောင်းတွေစာရင်း NUG ထုတ်ပြန်

မေလ (၄)ရက်။

ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းတွေအဖြစ် သက်တမ်းတိုးခွင့်ရတဲ့ ကျောင်းတွေရဲ့စာရင်းကို NUG ပညာရေး၀န်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကြားကာလမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေ၊ အွန်လိုင်းကျောင်းတွေနဲ့ NUG ပညာရေး၀န်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG ပညာရေး၀န်ကြီးဌာနက ပြည်သူ့ပညာရေးကျောင်းတွေအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးပေးလိုက်တဲ့ ပညာရေးကျောင်း (၅၅)ကျောင်းရဲ့စာရင်းကို ဖော်ပြထားပါတယ်။

အသိအမှတ်ပြု သက်တမ်းတိုးဖို့ လျှောက်လွှာတင်ထားတဲ့ ကျောင်းတွေကို ပညာရေး၀န်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနက လုပ်ငန်းဆောင်ရွက်တဲ့ အခြေအနေတွေကို လေ့လာဆန်းစစ်အကဲဖြတ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီဌာနရဲ့ သဘောထားမှတ်ချက်အရ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁)ချက်နဲ့ Information and Technology Security Guidelines တွေကို လိုက်နာပါ့မယ်လို့ ဝန်ခံကတိပြုထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် လေ့လာဆန်းစစ်အကဲဖြတ်တဲ့လုပ်ငန်း ဆောင်ရွက်ဆဲ အွန်လိုင်းကျောင်းတွေကိုလဲ အသိအမှတ်ပြု သက်တမ်းတိုးတဲ့အပေါ် ဆက်လက်ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 0 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 0 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 1 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 33 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 35 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ ရွှေဘိုအရှေ့ခြမ်းက သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး
မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 24 Views
ဒီဇင်ဘာလ (၅)ရက်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က
မြန်မာသတင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အနေနဲ့ အသံတိတ်သပိတ်ကျင်းပဖို့ GSCB တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 22 Views
ဒီဇင်ဘာလ (၅)ရက်။ လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ အသံတိတ်သပိတ် ကျင်းပဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ ဒီလို