နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ စစ်တွေမြို့ ဗျိုင်းဖြူရွာဖြစ်စဉ်အပေါ် NUG ပြင်းထန်စွာရှုတ်ချ

ဇွန်လ (၄)ရက်။

မေလ (၂၉)ရက်နေ့က စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှာ အရပ်သားပြည်သူ (၅၀)ကျော် သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တွေမြို့၊ ဆတ်ရိုးကျချောင်စဘေးရှိ ဗျိုင်းဖြူရွာကို စစ်ကောင်စီအပါအ၀င် အခြားလက်နက်ကိုင်တွေ ပူးပေါင်းပါ၀င်တဲ့ အင်အား (၁၇၀)ကျော်ရှိတဲ့ စစ်ကြောင်းဟာ အလုံးအရင်းနဲ့ တစ်ရွာလုံးကို ပိတ်ဆို့ခဲ့တာလို့ ဆိုပါတယ်။

ရွာကို ၀န်းရံပိတ်ဆို့ခဲ့ပြီးနောက် အမျိူသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက်(၁၅)နှစ်ကနေ (၇၀)နှစ်ကြား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အရပ်သားပြည်သူ (၅၁)ဦးကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ အကြမ်းဖက်စစ်အုပ်စုဟာ နှိပ်စက်ညှင်းပန်းတာ၊ မုဒိန်းကျင့်တာနဲ့ ရွာထဲက ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ် စတာတွေကို ခိုးယူခဲ့သလို ဇွန်လ (၁)ရက်နေ့ကလဲ ဗျိုင်းဖြူရွာဘေးက မင်းကင်းတောရွာသစ်နဲ့ ရွာဟောင်းကို မီးရှို့ခဲ့တယ်လို့ ရေးသားထားပါတယ်။

NUG အနေနဲ့ ပြည်သူတစ်ရပ်လုံးကို အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တဲ့ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါ၀င်ပတ်သက်သူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို အမြန်ဆုံးပို့ဆောင်မယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 2 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 15 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 19 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 21 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် ယတြာချေဖို့ လပခဌာနချုပ်ထဲ တည်းခိုနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 31 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းအောင်လှိုင်က မန္တလေးမှာ မဲရုံတွေကိုလိုက်ကြည့်ပြီး အပြန် ယတြာချေဖို့ လပခထဲ
မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 31 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရဲဘော်တွေအနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 25 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 30 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး