နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီမြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီဖမ်းဆီးထားနိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်လာ

ဇူလိုင်လ (၄) ရက်။

ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်‌ခဲ့တဲ့ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃) ဦး လွတ်မြောက်လာတယ်လို့ CDF-Matupi တပ်မဟာ (၁) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

လွတ်မြောက်လာသူတွေဟာ အမျိုးသား (၁၂) ဦးနဲ့ အမျိုးသမီး (၁) ဦးဖြစ်ပြီး ခရစ်ယာန်ဓမ္မဆရာနဲ့ CDM ဝန်ထမ်းတချို့ ပါဝင်တယ်လို့ ပြုစုထားတဲ့စာရင်းအရ သိရှိရပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန် ဖြစ်ပွားတဲ့အချိန် သူတို့ထွက်ပြေးလွတ်မြောက်လာကြတာလို့ သိရပါတယ်။ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲလို့ CDF-Matupi တပ်မဟာ (၁) က ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူနောက် မတူပီမြို့နယ်အတွင်းက ဆန္ဒဖော်ထုတ်ရာမှာ သပိတ်ဦးဆောင်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်အချို့ကို မတရားဖမ်းဆီးထားတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေကို မတူပီမြို့မ ရဲစခန်းအချုပ်ကနေ မတူပီ အခြေချ စစ်ဗျူဟာနဲ့ ခလရ (၁၄၀) ဘက်သို့ ရွှေ့ပြောင်းထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ (၁၃) ဦးထဲတွင် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရသည့် ဆလိုင်း မိန်ထဲန်နဲ့ ကျော်ထန်လျန်အောင်တို့လည်း ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

မတူပီမြို့ကို ၂၀၂၄ ဇွန်လ (၉) ရက်နေ့အစောပိုင်းမှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မဟာမိတ် အာရက္ခရတပ်တော် AA၊ ယောကာကွယ်ရေးတပ် – YDF, ယောအာမီ YA တို့နဲ့အတူ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း (၁၄၀)၊ ခြေမြန်တပ်ရင်း (၃၀၄)နဲ့ စစ်ဗျူဟာစခန်းတွေရှိတဲ့ မတူပီမြို့ကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီလို့ ချင်းညီနောင်က ဇွန်လ ၂၉ ရက်နေ့က ကြေညာထားပါတယ်။

ဓာတ်ပုံ။

၂၀၂၄ ဇွန်လ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း လွတ်မြောက်လာသူများ/CDF-Matupi တပ်မဟာ (၁)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို