နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂျိုးဘိုင်ဒန်ရဲ့နေရာမှာ ကာမာလာဟားရစ် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

ဂျိုးဘိုင်ဒန်ရဲ့နေရာမှာ ကာမာလာဟားရစ် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

++++++++++++

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ လာမယ့်နိုဝင်ဘာလရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဘူးဆိုရင် ဒုတိယသမ္မတ ကာမာလာဟားရစ်ဟာ သူ့နေရာမှာ အစားထိုးယှဉ်ပြိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးကော်မတီ၊ အိမ်ဖြူတော်နဲ့ ဒီမိုကရက်တစ်ပါတီတွေရဲ့ သတင်းရင်းမြစ် 7 ခုက ကာမာလာဟားရစ်ကို ဂျိုးဘိုင်ဒန်ရဲ့နေရာမှာ အစားထိုး ယှဉ်ပြိုင်ဖွယ်ရှိကြောင်းကို အသိပေးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပြီးခဲ့တဲ့ တစ်ပတ်က စကားစစ်ထိုးပွဲအပြီးမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအရွေးချယ်ခံမယ့်နေရာမှာ ဂျိုးဘိုင်ဒန်နေရာကို အစားထိုးဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည်အားနည်းမှုကနေ အခုလို အခင်းအကျင်းသစ်ဖြစ်ပေါ်လာခဲ့တာပါ။

ဒီမိုကရက်တစ်ပါတီမှာ သမ္မတလောင်းနေရာအတွက် ကယ်လီဖိုးနီးယားက ဂါဗင် နယူဆန်၊ မီချီဂန်ပြည်နယ်က ဂရက်ချန် ၀ှိုက်မာ၊ ပန်ဆီဗေးနီးယားပြည်နယ်က ဂျို့စ် ရှာပီရိုတို့လို အခြားရွေးချယ်စရာတွေရှိနေပေမယ့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုကတော့ ကာမာလာဟားရစ်ကလွဲပြီး တခြားသူတွေကို သမ္မလောင်းအဖြစ် ရွေးချယ်ဖို့က မဖြစ်နိုင်လောက်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အခြားသတင်းရင်းမြစ်တွေကလည်း အသက် 59 နှစ်အရွယ် ကာမာလာဟားရစ်ဟာ ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းတွေက ရရှိတဲ့ အလှူငွေတွေကို မဲဆွယ်စည်းရုံးရေးမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ကာမာလာဟားရစ်ဟာ ရွေးချယ်စရာတွေရှိနေတဲ့ ဒီမိုကရက်တစ်ပါတီတွင်းမှာ အသိအမှတ်ပြုအခံရဆုံးလည်းဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းအရတော့ ကာမာလာဟားရစ်နဲ့ ဒေါ်နယ်ထရန့်ကို ထောက်ခံမှုနှုန်းမှာ 42 ရာခိုင်နှုန်းနဲ့ 43 ရာခိုင်နှုန်းအထိရှိတာကြောင့် ကွာခြားမှု 1 ရာခိုင်နှုန်းသာရှိနေပါတယ်။ ဒါဟာ မဲစာရင်းမှားယွင်းမှု 3.5 ရာခိုင်နှုန်းအနေအထားဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်နဲ့ ထရန့်တို့ကို နောက်ဆုံးနှိုင်းယှဉ်ခဲ့တဲ့ စစ်တမ်းထက်တောင် ကာမာလာဟားရစ်ရဲ့ ရလဒ်က ပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး ကာရင်း ဂျင်းပီရီကတော့ စကားစစ်ထိုးပွဲက သမ္မတဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည်ဟာ ညံ့ဖျင်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဂျိုးဘိုင်ဒန်အနေနဲ့ ဒုတိယသက်တမ်းအတွက် ဆက်ပြီး ယှဉ်ပြိုင်သွားဖွယ်ရှိနေတယ်လို့ ပြောပါတယ်။

“ ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရန့်တို့ရဲ့ မှတ်တမ်းကို ပြန်ကြည့်ရင် ဂျိုးဘိုင်ဒန်ဟာ ခေတ်သစ်သမိုင်းမှာ အမေရိကန်ကို ပြန်ပြီး နာလန်ထအောင် လုပ်ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ အရင် သမ္မတတွေတုန်းကတော့ လူလတ်တန်းစားတွေကို ထိခိုက်စေခဲ့တာကိုတွေ့ရတယ်”လို့ ဂျင်းပီရီက ပြောသွားခဲ့တာပါ။

ရွေးကောက်ပွဲကနေ နုတ်ထွက်ခိုင်းမယ့် ဆုံးဖြတ်ချက်ဟာ ဂျိုးဘိုင်ဒန်တစ်ဦးတည်းသာဖြစ်ပါတယ်။ ကာမာလာဟားရစ်ရဲ့ လက်ထောက်တွေကတော့ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ရော ကာမာလာဟားရစ်ပါ မယှဉ်ပြိုင်ဘူးဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်၏ နေအိမ်အား ယူကရိန်းက တိုက်ခိုက်သည်ဆိုသော စွပ်စွဲချက်ကို ရုရှားက အခိုင်အမာ ထပ်လောင်းပြောဆိုသော်လည်း ခိုင်လုံသော သက်သေပြနိုင်ခြင်း မရှိသေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်
  • 18 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ နေအိမ်တစ်ခုကို ပစ်မှတ်ထား၍ ယူကရိန်းက တနင်္လာနေ့တွင် အကြီးအကျယ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ် DJI ကုမ္ပဏီကြီးအား ထိုးနှက်ချက်အဖြစ် နိုင်ငံခြားဖြစ် ဒရုန်းမော်ဒယ်အသစ်များကို အမေရိကန် ပိတ်ပင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 22 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် တရုတ်နိုင်ငံထုတ် ဒရုန်းများသည် အမေရိကန်ပြည်ထောင်စု၏ ကောင်းကင်ယံကို နှစ်ပေါင်း များစွာ စိုးမိုးထားခဲ့ပြီး၊ ပုဂ္ဂလိကပိုင်ရှင်များ၊ ရဲတပ်ဖွဲ့များနှင့် မီးသတ်ဌာနများက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနေကြပါသည်။ သို့သော်လည်း
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဆာဗေးဒိုး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံသားများက အမေရိကန်တရားရုံးတွင် ပြည်နှင်ဒဏ်ကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 26 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက် ရိုက်တာသတင်း။ အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စုသည် ၎င်းတို့အား ပြည်နှင်ဒဏ် ပေးခဲ့မှုအပေါ်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် “ အဆောက်အအုံကြီးတစ်ခု” ကို အမေရိကန်က ခြေမှုန်းနိုင်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 21 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ဗင်နီဇွဲလားနိုင်ငံအပေါ် ဖိအားပေးသည့် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြီးခဲ့သည့် အပတ်က “ အဆောက်အအုံကြီးတစ်ခု” (big facility) ကို အမေရိကန် ပြည်ထောင်စုက
နိုင်ငံတကာသတင်း အမေရိကန်

၁၉၉၈ ခုနှစ်က အမေရိကန်လူမျိုးများ၏ ၂၀၂၅ ခုနှစ်အပေါ် ခန့်မှန်းချက်များ – မည်သည်တို့ မှန်ကန်ခဲ့သနည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 20 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ၁၉၉၈ ခုနှစ်တုန်းက ဘီလ်ကလင်တန်သည် တရားစွဲဆိုဖယ်ရှားခံရမည့် (impeachment) လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်ပြီး၊ “ Titanic” ရုပ်ရှင်သည်လည်း အော်စကာဆု များကို သိမ်းကျုံးရရှိနေသည့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 38 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒေါ်နယ်ထရန့်နှင့် ဇယ်လန်းစကီးတို့ ယုံကြည်မှုရှိနေပုံရသော်လည်း ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထူးခြားသည့် တိုးတက်မှုများ မရှိသေးပါ။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 37 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး နှင့် တွေ့ဆုံပြီးနောက် အဆိုပါဆွေးနွေးပွဲများသည် အလွန်ရှုပ်ထွေးနေဆဲဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် အဖြေထွက်မည်ဆိုသည့် တိကျသော