နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂျိုးဘိုင်ဒန်ရဲ့နေရာမှာ ကာမာလာဟားရစ် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

ဂျိုးဘိုင်ဒန်ရဲ့နေရာမှာ ကာမာလာဟားရစ် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

++++++++++++

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ လာမယ့်နိုဝင်ဘာလရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဘူးဆိုရင် ဒုတိယသမ္မတ ကာမာလာဟားရစ်ဟာ သူ့နေရာမှာ အစားထိုးယှဉ်ပြိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးကော်မတီ၊ အိမ်ဖြူတော်နဲ့ ဒီမိုကရက်တစ်ပါတီတွေရဲ့ သတင်းရင်းမြစ် 7 ခုက ကာမာလာဟားရစ်ကို ဂျိုးဘိုင်ဒန်ရဲ့နေရာမှာ အစားထိုး ယှဉ်ပြိုင်ဖွယ်ရှိကြောင်းကို အသိပေးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပြီးခဲ့တဲ့ တစ်ပတ်က စကားစစ်ထိုးပွဲအပြီးမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအရွေးချယ်ခံမယ့်နေရာမှာ ဂျိုးဘိုင်ဒန်နေရာကို အစားထိုးဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည်အားနည်းမှုကနေ အခုလို အခင်းအကျင်းသစ်ဖြစ်ပေါ်လာခဲ့တာပါ။

ဒီမိုကရက်တစ်ပါတီမှာ သမ္မတလောင်းနေရာအတွက် ကယ်လီဖိုးနီးယားက ဂါဗင် နယူဆန်၊ မီချီဂန်ပြည်နယ်က ဂရက်ချန် ၀ှိုက်မာ၊ ပန်ဆီဗေးနီးယားပြည်နယ်က ဂျို့စ် ရှာပီရိုတို့လို အခြားရွေးချယ်စရာတွေရှိနေပေမယ့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုကတော့ ကာမာလာဟားရစ်ကလွဲပြီး တခြားသူတွေကို သမ္မလောင်းအဖြစ် ရွေးချယ်ဖို့က မဖြစ်နိုင်လောက်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အခြားသတင်းရင်းမြစ်တွေကလည်း အသက် 59 နှစ်အရွယ် ကာမာလာဟားရစ်ဟာ ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းတွေက ရရှိတဲ့ အလှူငွေတွေကို မဲဆွယ်စည်းရုံးရေးမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ကာမာလာဟားရစ်ဟာ ရွေးချယ်စရာတွေရှိနေတဲ့ ဒီမိုကရက်တစ်ပါတီတွင်းမှာ အသိအမှတ်ပြုအခံရဆုံးလည်းဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းအရတော့ ကာမာလာဟားရစ်နဲ့ ဒေါ်နယ်ထရန့်ကို ထောက်ခံမှုနှုန်းမှာ 42 ရာခိုင်နှုန်းနဲ့ 43 ရာခိုင်နှုန်းအထိရှိတာကြောင့် ကွာခြားမှု 1 ရာခိုင်နှုန်းသာရှိနေပါတယ်။ ဒါဟာ မဲစာရင်းမှားယွင်းမှု 3.5 ရာခိုင်နှုန်းအနေအထားဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်နဲ့ ထရန့်တို့ကို နောက်ဆုံးနှိုင်းယှဉ်ခဲ့တဲ့ စစ်တမ်းထက်တောင် ကာမာလာဟားရစ်ရဲ့ ရလဒ်က ပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး ကာရင်း ဂျင်းပီရီကတော့ စကားစစ်ထိုးပွဲက သမ္မတဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည်ဟာ ညံ့ဖျင်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဂျိုးဘိုင်ဒန်အနေနဲ့ ဒုတိယသက်တမ်းအတွက် ဆက်ပြီး ယှဉ်ပြိုင်သွားဖွယ်ရှိနေတယ်လို့ ပြောပါတယ်။

“ ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရန့်တို့ရဲ့ မှတ်တမ်းကို ပြန်ကြည့်ရင် ဂျိုးဘိုင်ဒန်ဟာ ခေတ်သစ်သမိုင်းမှာ အမေရိကန်ကို ပြန်ပြီး နာလန်ထအောင် လုပ်ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ အရင် သမ္မတတွေတုန်းကတော့ လူလတ်တန်းစားတွေကို ထိခိုက်စေခဲ့တာကိုတွေ့ရတယ်”လို့ ဂျင်းပီရီက ပြောသွားခဲ့တာပါ။

ရွေးကောက်ပွဲကနေ နုတ်ထွက်ခိုင်းမယ့် ဆုံးဖြတ်ချက်ဟာ ဂျိုးဘိုင်ဒန်တစ်ဦးတည်းသာဖြစ်ပါတယ်။ ကာမာလာဟားရစ်ရဲ့ လက်ထောက်တွေကတော့ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ရော ကာမာလာဟားရစ်ပါ မယှဉ်ပြိုင်ဘူးဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက