++++++++++++++++++++++++++++++++++++
ဇူလိုင်လ (၄) ရက်။
လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီး စစ်ကောင်စီက ပြန်လည် ထိန်းချုပ်သွားပြီလို့ မြေပြင်စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။
လွိုင်ကော်ကို ဇွန်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီကနေ့ မြို့ကို ဆုတ်ခွာပေးလိုက်ရပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ၆ လကျော် ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုနှစ် ဇွန်လအတွင်းမှာ အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို ဒီနေ့ ဇူလိုင်လ (၄) ရက်နေ့မှာ ဆုတ်ခွာလိုက်ရတာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။