နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ဦးမြို့က ရွှေပန်းတိမ်ဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရ၊ ငွေကျပ် သိန်း(၂၅၀)ခန့်နဲ့ ရွှေထည်ပစ္စည်းတွေပါသွားခဲ့

အောက်တိုဘာလ (၄)ရက်။

ဒီကနေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ‌ညောင်ဦးမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ မဏိစည်သူဈေးရှိ အောင်ပြည့်ဖြိုး ရွှေပန်းတိမ်ဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ နေ့လယ် (၁၂)နာရီခွဲကျော်လောက်က မဏိစည်သူဈေး တောင်ဘက်တိုက်တန်းက အောင်ပြည့်ဖြိုး ပန်းတိမ်ဆိုင် ဓါးပြတိုက်ခံရတာ။ အဲ့ဒီပန်းတိမ်ဆိုင်ကို ဆိုင်ကယ်တွေနဲ့ လူ (၅)ဦးလောက်ရောက်လာပြီး သေနတ်ထောက် ဓါးပြတိုက်သွားတာ၊ ရွှေထည်တွေကော ပိုက်ဆံတွေကော ပါသွားတယ်ကြားတယ်” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။

အောင်ပြည့်ဖြိုး ရွှေပန်းတိမ်ဆိုင်မှာ ဆိုင်ပိုင်ရှင်အမျိုးသမီးအပါအဝင် ပန်းတိမ်ဆရာနဲ့ ဆိုင်အကူ စုစုပေါင်း (၈)ဦးခန့် ရှိနေချိန် ဆိုင်ကယ် (၂)စီးနဲ့ အမည်မသိ (၅)ဦး ရောက်လာကာ သေနတ်ထောက်ပြီး ဓါးပြတိုက်သွားတာလို့ သိရပါတယ်။

ရွှေပန်းတိမ်ဆိုင် ဓါးပြတိုက်ခံရတာကြောင့် ရွှေထည်ပစ္စည်းအမျိုးအစား (၈)မျိုးခန့်အပြင် ငွေကျပ်သိန်း (၂၅၀)ခန့်နဲ့ ဖုန်း (၅)လုံးတို့ကို လုယက်ကာ ဆိုင်ကယ်တွေနဲ့ ပြန်လည်ထွက်သွားခဲ့တယ်လို့ စစ်လော်ဘီချန်‌နယ်တွေက ဖော်ပြထားကြပါတယ်။

လုယက်ခံရတဲ့ ရွှေထည်ပစ္စည်းတွေဟာ ပန်းဘယက် (၃)မတ်သား (၇)ကုံး၊ ချယ်နားကတ် (၂)ပဲသား (၁၅၀)ရံ၊ ရွှေနားဆွဲ (၂)ပဲသား (၁၀၀)ခု၊ မှိုနားကတ် နားဆွဲတန်းလန်း (၂)ပဲသား (၁၀၀)ခု၊ ရွှေလက်စွပ် (၅)မူးသား (၇၅)ကွင်း၊ လက်ကောက် (၅)မူးသား (၅၀)ကွင်း၊ ရွှေသားလယ်တုံ (၁)ကျပ်သား (၃)ကုံးတို့နဲ့ စာစုပေါင်း ရွှေသား (၁၈၂)ကျပ် (၅)မူးသားတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီလက်ထက် မန္တလေးတိုင်းထဲ ရွှေဆိုင်နဲ့ ဘဏ်အချို့ ဓါးပြတိုက်ခိုက်ခံရတာဟာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ပြည်သူတွေအနေနဲ့ လူမှုဘဝလုံခြုံမှုအပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့