နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အစည်းအဝေးဆိုပြီး လူစုခိုင်းကာ ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့

နိုဝင်ဘာလ (၄)ရက်။

ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်၊ ဘူးကြီးရွာက အပြစ်မဲ့ပြည်သူ (၅၀)ခန့်ကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးသွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

“ မနက်ပိုင်းက စကစနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း အင်အား (၁၀၀)လောက် ကား (၃)စီးနဲ့ ဘူးကြီးရွာကို ရောက်လာပြီး ပိတ်မိနေတဲ့ ပြည်သူတွေကို အစည်းအဝေးလုပ်ဖို့ လူစုခိုင်းပြီး ဖမ်းသွားတာ” လို့ ဆိုပါတယ်။

အင်အား (၁၀၀)ခန့်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်က ဘူးကြီးရွာကို ဝင်ရောက်လာပြီး ရွာထဲပိတ်မိနေတဲ့ ပြည်သူတွေကို အစည်းအဝေးလုပ်ဖို့ လူစုခိုင်းခဲ့တာပါ။

အဲ့ဒီစစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကာဘိုးပျူအထိုင်စခန်းကနေ ကား (၃)စီးနဲ့ ထွက်လာတာဖြစ်ပြီး တစ်အိမ်တစ်ယောက် ပြည်သူတွေကို စုဝေးခိုင်းကာ နေ့လယ် (၁)နာရီခန့်မှာတော့ ပြည်သူ (၅၀)နီးပါးကို ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

“ ဘူးကြီးရွာက နှစ်ဖက်ချွန်ပြည်သူတွေ များတာမို့ အကြမ်းဖက်စစ်ခွေးတွေ ဝင်ရောက်လာတဲ့အချိန် မရှောင်ခဲ့ကြဘူး၊ တစ်အိမ်ကိုတစ်ယောက်နဲ့ အစည်းအဝေးလုပ်ပြီးတော့မှ (၅၀)လောက်ကို ဖမ်းပြီး ကန့်ဘလူ (၆၀၀၆)တပ်ထဲ ဝင်သွားတာ၊ ဘူးကြီးရွာက တောင်ရွာနဲ့ မြောက်ရွာရှိတာမို့ ဘယ်ရွာကပြည်သူတွေ ပါသွားတယ်ဆိုတာ စုံစမ်းနေတယ်” လို့ PDC တာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

ဖမ်းဆီးသွားခဲ့တဲ့ ပြည်သူတွေကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ကန့်ဘလူ (၆၀၀၆) တကရတပ်ထဲကို ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူတွေရဲ့ အချက်အလက်တွေကို အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 15 Views
ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက်
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင် ဂတ်စ်ဆိုင် ဖောက်ခွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 10 Views
ဆယ်အိမ်မှူးတစ်ဦးသေဆုံးပြီး ရာအိမ်မှူးနဲ့ စစ်ကောင်စီအရာရှိ ညီတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၄)ရက်။ မနေ့က နံနက် (၆)နာရီခန့်မှာ လှိုင်သာယာမြို့နယ်ရှိ မိတ္ထီလာရှမ်းတဲလေတပ်က
မြန်မာသတင်း

တံတားဦးမြို့မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက် ည (၉)နာရီခွဲအချိန်က မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ တံတားဦးမြို့နယ် ထနောင်းကိုင်းကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

ကျောက်တံခါးမြို့နယ်တိုက်ပွဲထဲ စစ်ကောင်စီ (၃)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့က ကျောက်တံခါးမြို့နယ်ရှိ ဆင်ရိုးခင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆင်ရိုးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA
မြန်မာသတင်း

ခေါပုတ်စခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး (၃)ဦးအပါအဝင် (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 10 Views
‌နိုဝင်ဘာလ (၄)ရက်။ မနေ့က ဖာပွန်မြို့ရှိ ခေါပုတ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့်ရှိတဲ့ ဗိုလ်ကြီး (၃)ဦးအပါအဝင် စစ်သုံ့ပန်း (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNLA၊ PDF၊
မြန်မာသတင်း

မြစ်ကြီးနားမြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို ခေါ်တွေ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 10 Views
နိုဝင်ဘာလ (၄)ရက်။ မနေ့က မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်တွေ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေအနေနဲ့ မြို့လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို တာဝန်ရှိရှိ၊
မြန်မာသတင်း

ထိပ်သီးအစည်းအဝေးတွေတက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမယ်လို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 13 Views
နိုဝင်ဘာလ (၄)ရက်။ အခုရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်ထဲ နိုဝင်ဘာလ (၆)ရက်ကနေ (၇)ရက်အထိကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေကို
မြန်မာသတင်း

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ပြည်ပထွက်ခွင့်ပိတ်ခံရပြီး လေဆိပ်ကနေ နေအိမ်ပြန်လွှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 7 Views
‌နိုဝင်ဘာလ (၄)ရက်။ အောင်သမာဓိရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်ကို စစ်ကောင်စီက Black List သွင်းပြီး ပြည်ပထွက်ခွာခွင့် ပိတ်ထားတယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်ကို မန္တလေးလေဆိပ်မှာ ပြည်ပထွက်ဖို့