ဖေဖော်ဝါရီလ (၅) ရက်။
ဒီကနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ မနက် (၅) နာရီဝန်းကျင်မှာ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ပစောက်ကွင်းရှိ ကားဂိတ်အခန်းတွေ မီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီမီးလောင်မှုမှာ လူ (၃) ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲ့ဒီ မီးလောင်မှုဟာ တနင်္သာရီလမ်းရှိ ရွှေလင်းယုန်ကားဂိတ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရှိရပြီး ဝင်းကားဂိတ်၊ ရာဇာမင်းကားဂိတ်၊ အောင်ကျော်ဇောကားဂိတ်တွေအပြင် ကားလက်မှတ်အရောင်းဂိတ်တွေပါ မီး လောင်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီမီးလောင်မှုဖြစ်ပွားတဲ့နေရာကို မင်္ဂလာဒုံမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ အင်းစိန်မြိုနယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ မြောက်ဥက္ကလာပမြိုနယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးကို အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။
မနက် (၅) နာရီ (၄၈) မိနစ် အချိန်ခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန