နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်၊

ဧပြီလ (၄) ရက်။

မြန်မာ – တရုတ်နယ်စပ်ရှိ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံးနဲ့ ဆေးရုံမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်လိုက်ပြီး KIA အလံတွေ လွှင့်တင်ထားပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မြို့တွင်းနေရာတွေမှာ KIA တပ်ဖွဲ့ဝင်တွေကို တွေ့ရပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ ဆေးရုံးတွေမှာတော့ စာကပ်ထားတာကို တွေ့ရပါတယ်။သော့ခတ်ထားတဲ့နေရာတွေကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပ်ထားတဲ့စာတွေမှာတော့ “ သတိ ယခုနေရာအား သိမ်းပိုက်စိုးမိုးထားပြီး တာဝန်ရှိသူမှအပ မည်သူမျှ ဝင်ထွက်သွားလာခွင့်မပြုလို့” မြန်မာလိုနဲ့ ကချင်လိုရေးသားထားတာကို တွေ့မြင်ရပါတယ်။

လွယ်ဂျယ်မြို့အတွင်းမှာ မနေ့ကအထိတော့ အလံတင်တာတွေ မတွေ့ရပေမယ့် ဒီနေ့ ဧပြီလ (၄) ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ KIA အလံများ လွှင့်တင်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိလွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်လောက်ရှိပြီး KIA ဘက်က လက်နက်ချဖို့ ညှိနေတယ်လို့ သိရပါတယ်။

လွယ်ဂျယ်မြို့ကို ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်နေ့က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာမြို့က စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့
မြန်မာသတင်း

ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်သိန်း (၂၀၀)ကျော် ကူညီထောက်ပံ့ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်(၂၀၅၀၀၀၀၀)ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 7 Views
+++++++++++++++++++++++++++++++++++++++++ ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ ဆိုတဲ့မေးခွန်းကို ပုလဲနယ်က တော်လှန်ရေးခေါင်းဆောင်ယောက်ဖြစ်တဲ့ သခင်ဒေါင်းညိုက သူ့အမြင်ကို ပြောကြားထားပြီး ပုလဲနယ်မှာ NUG ရဲ့ ပသုံးလုံး အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ ဘယ်လောက်အလုပ်ဖြစ်နေတယ်ဆိုတာကို ဖြေကြားထားတာကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီ လက်အောက်ရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဝင်ရောက်နေရာယူထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 7 Views
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၁၁) ရက်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ဒီနဲ့ ဇူလိုင်လ (၁၁) ရက်နေ့မှာ တပ်အင်အား အလုံးအရင်းနဲ့
မြန်မာသတင်း

YDF ရဲဘော် (၂) ဦးကို CNF/CNA က ဖမ်းဆီးထားမှုကြောင့် ချင်းဘက် တက်မည့် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများကို YDF ပိတ်ထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 9 Views
ဇူလိုင် (၁၁) ရက်။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA က YDF ရဲဘော် (၂) ဦးကို အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခဲ့တာကြောင့် ချင်းဘက်တက်မယ့် ကုန်တင်ကားတွေကို ယောကာကွယ်ရေးတပ် – YDF က ခေတ္တပိတ်လိုက်တယ်လို့
မြန်မာသတင်း

ဘဏ်ဒါရိုက်တာတွေ ထိန်းသိမ်းစစ်ဆေးခံရတယ်ဆိုတာ သတင်းအမှားလို့ ရိုးမဘဏ်ငြင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 17 Views
ဇူလိုင်လ (၁၁)ရက်။ ဘဏ်ဒါရိုက်တာတွေ ငွေကြေးခဝါချတာတွေကြောင့် ထိန်းသိမ်းစစ်ဆေးခံနေရတာ သတင်းအမှားလို့ ရိုးမဘဏ်ဟာ မနေ့က ငြင်းဆိုထားတယ်လို့ သိရပါတယ်။ အခုလိုသတင်းထွက်နေတာဟာ သတင်းမှားဖြစ်ပြီး နိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍနဲ့ ငွေကြေးဈေးကွက် မတည်ငြိမ်အောင် ဆောင်ရွက်တာလို့ ဆိုပါတယ်။ ရိုးမဘဏ်အနေနဲ့ မဟုတ်မမှန်
မြန်မာသတင်း

ပုလောမြို့ မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ်စခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 9 Views
ဇူလိုင်လ (၁၁)ရက်။ မနေ့က ညနေ (၄)နာရီခန့်မှာ ပုလောမြို့၊ မီးလောင်ချောင်းရွာရှိ စစ်ကောင်စီအထိုင်ဂိတ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပုလော-ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မီးလောင်ချောင်းရွာက စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းကို ပုလော-ပကဖအပါအ၀င် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခဲ့တယလို့
မြန်မာသတင်း

မြ၀တီမှာ ‌မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေမလုပ်ဖို့ စစ်ကောင်စီနဲ့အပစ်ရပ်ထားတဲ့ (၂)ဖွဲ့ တားမြစ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 18 Views
ဇူလိုင်လ (၁၁)ရက်။ မြ၀တီမြို့မှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေ မပြုလုပ်ဖို့ စစ်ကောင်စီနဲ့အပစ်ရပ်ထားတဲ့ DKBA နဲ့ KNU/KNLA-PCတို့က တားမြစ်လိုက်တယ်လို့ သိရပါတယ်။ မြ၀တီမြို့ပေါ်က ဂိမ်းဆိုင်တွေပိတ်ဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့ဖြစ်တဲ့ DKBA နဲ့