နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း အာရှ

အိန္ဒိယ ဆောက်လုပ်ရေးလုပ်သား ဒါဇင်ပေါင်းများစွာအစ္စရေးနိုင်ငံသို့ ထွက်ခွာ

နယူးဒေလီ (AP) — ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ခြောက်လနီးပါးကြာ စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အိန္ဒိယ ဆောက်လုပ်ရေးလုပ်သား ဒါဇင်ပေါင်းများစွာသည် ယခုသီတင်းပတ်အတွင်း အစ္စရေးနိုင်ငံသို့ ထွက်ခွာသွားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်က စစ်ပွဲကိုဖြစ်စေသည့် အသေခံ တိုက်ခိုက်မှု အပြီး ပါလက်စတိုင်း အလုပ်သမား ထောင်ပေါင်းများစွာကို တားဆီးပိတ်ပင်ခဲ့ပြီးနောက် လုပ်သား ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ သို့သော်လည်း ယခုသီတင်းပတ်အတွင်း ထွက်ခွာမည့် အိန္ဒိယ အလုပ်သမားများသည် ရန်လိုမှုများ မဖြစ်ပွားမီက နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးထားကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဟာရာ ဂျအစ်ဝါလ် (Randhir Jaiswal) က ပြောကြားခဲ့သည်။

“ ပထမအသုတ်ကတော့ အစ္စရေးပြည်ကို သွားပြီ။ ငါတို့အတွက် သူတို့ရဲ့ဘေးကင်းရေးက အရမ်း အရေးကြီးပြီး သူတို့ရဲ့ဘေးကင်းရေးနဲ့ ကျန်းမာရေးကို အစွမ်းကုန်ဂရုစိုက်ဖို့ အစ္စရေးအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်” ဟု Jaiswal က ကြာသပတေးနေ့တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။

ဂျအစ်ဝါလ် က အစ္စရေးတွင် လက်ရှိ အိန္ဒိယလူမျိုး ၁၈၀၀၀ ကို အလုပ်လုပ်ကိုင်နေပြီး အများစုမှာ ပြုစုစောင့်ရှောက်ရေး လုပ်သားများဖြစ်သည်ဟုဆိုသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာ အဆောက်အအုံများကို အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 1.49K Views
++++++++++++++++++++++++++++++++++++++++++++++++++++++ အောက်တိုဘာလ (၂၁) ရက်။ ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာနေရာအဆောက်အအုံများကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အောက်တိုဘာလ ၁၉ ရက်နေ့ည အစ္စရေးတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၈၇ ဦးသေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 1.49K Views
အောက်တိုဘာလ (၂၁) ရက်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အဆောက်အအုံအများအပြားကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း အာရှ

တရုတ်အတွေးနဲ့ မြန်မာ့အရေး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 1.50K Views
တရုတ်အတွေးနဲ့ မြန်မာ့အရေး ဒီအပတ် ခေတ်မျက်လုံးရဲ့ ဆွေးနွေးပွဲမှာ ဦးထွန်းအောင်ကျော်၊ ဦးထွန်းကြည်တို့နဲ့အတူ မြေပြင်က ရဲဘော်ကပြားက အားဖြည့်ပြီး ပါဝင်ဆွေးနွေးထားပါတယ်။ လက်ရှိမြေပြင်မှာ BNRA က ရဲဘော်တွေကို NUG လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးပြီး ရိုက်နှက်နေတဲ့ပြဿနာနဲ့ ပက်သက်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 1.49K Views
အောက်တိုဘာလ (၂၀) ရက်။ အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အင်တာနက်ပေါ်တွင် ပေါက်ကြားခဲ့ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဤကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိသူသုံးဦးက ပြောဆိုထားပါသည်။ တစ်ဦးမှ အချက်အလက်များ၏ စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။
ဆောင်းပါးများ အရှေ့တောင်အာရှ အာရှ

တရုတ်၊ အာစီယံနဲ့ မြန်မာ့နိုင်ငံရေး?

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 1.55K Views
စစ်အာဏာသိမ်းခြင်းနဲ့အတူ ပြည်တွင်းအုံကြွဆန္ဒပြမှုကြီး ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖိနှိပ်မှုတွေ၊ ရက်စက်စွာ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လုပ်ပေမဲ့ ဆန့်ကျင်မှုတွေ ရပ်မသွားဘဲ နေရာဒေသအနှံ့၊ လက်နက်ကိုင် တော်လှန် လာတာကြောင့် အာဆီယံအဖွဲ့ကြီးက အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို
နိုင်ငံတကာသတင်း အာရှ ဥရောပ

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီပြော။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 1.50K Views
အောက်တို ဘာလ (၁၉) ရက်။ မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ စစ်သား ၁,၅၀၀ စေလွှတ်လေ့ကျင့်ရန် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက သောကြာနေ့တွင် ပြောကြားပြီး ယင်းလှုပ်ရှားမှုသည် မော်စကိုနှင့် ယူကရိန်းစစ်ပွဲတွင် ‌မြောက်ကိုရီးယား၏ စစ်ရေးပါဝင် ပတ်သက်မှု၏
နိုင်ငံတကာသတင်း အာရှ

ကြေးနီဝါယာကြိုး ခိုးယူမှုဖြင့် ထိုင်းနိုင်ငံသားလေးဦးကို ဖမ်းဆီး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 1.51K Views
အောက်တိုဘာလ (၁၈) ရက်၊ တိုကျို။ တိုကျို၊ ဟီနိုဒေ့မြို့ရှိ ဆိုလာစွမ်းအင်ထုတ်လုပ်သည့်စက်ရုံမှ မီတာ ၈၄၀ ခန့်ရှိသော ကြေးနီကေဘယ်ကြိုးကို ခိုးယူမှုဖြင့် ထိုင်းလူမျိုး သူခိုးအုပ်စုလေးဦးကို ဂျပန်ရဲများက ဖမ်းဆီးခဲ့သည်။ မြို့တော်ရဲဌာနသည် တိုကျိုနှင့် စီရင်စု ၇
ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်ခေါင်းဆောင် သေဆုံးဖွယ်ရှိကြောင်း အစ္စရေးစစ်တပ်ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 26 Views
အောက်တိုဘာ (၁၇) ရက်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်တိုက်ခိုက်နေသည့် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ ထိပ်တန်းခေါင်းဆောင် ယာဟယာ ဆင်ဝါ (Yahya Sinwar) သည် သေးဆုံးသွားဖွယ်ရှိကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာလ (၁၇) ရက်၌ ကြေညာခဲ့ပြီးအတည်ပြုရန်