ဇွန်လ (၅)ရက်။
မနေ့က ရန်ကုန်မြို့မှာ စစ်မှုထမ်းဥပဒေဖျက်သိမ်းဖို့နဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းဖို့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ဗကသများအဖွဲ့ချုပ်ထံက သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်နဲ့ GSC ကော်မတီဝင်အဖွဲ့တွေဖြစ်တဲ့ တာမွေသပိတ်ကော်မတီ၊ လူ့ဘောင်သစ်လူငယ်၊ Kyimyindaing Networks (KMD18) နဲ့ Owl Community တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
လှုပ်ရှားမှုထဲ “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ”စာသားပါ ဘန်နာကို ကိုင်စွဲပြီး လှုံ့ဆော်ခဲ့ကြတာပါ။
ဒါ့ပြင် မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းဖို့၊ အထွေထွေအကျပ်အတည်း ဖြေရှင်းဖို့နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖို့ လှုံ့ဆော်ခဲ့ကြတယ်လို့ သိရပါတယ်။











