ဇူလိုင်လ (၅)ရက်။
မနေ့က နေ့လယ်(၂)နာရီအချိန်မှာ နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း(၆၀၆)တပ်စခန်းတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒုံးတပ်ရင်း (၆၀၆)တပ်စခန်းတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၃)လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် TNLA ဘက်က တပ်ဖွဲ့၀င် (၈)ဦး အဆိပ်သင့်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဆိပ်ဗုံးကြောင့် TNLA တပ်ဖွဲ့၀င်တွေဟာ အသက်ရှုမြန်တာ၊ စိတ်လှုပ်ရှားမှုမြန်တာ၊ မောပန်းတာ၊ အောက်ဆီဂျင်ကျတာနဲ့ မအီမသာဖြစ်တာတွေ ခံစားခဲ့ရပြီး ဆေးကုသနေရတယ်လို့ ဖော်ပြထားပါတယ်။
ဒုံးတပ်ရင်းတိုက်ပွဲမှာ စစ်ကောင်စီက ဇူလိုင်လ (၁)ရက်နေ့မှာ အဆိပ်ငွေ့ဗုံး (၁)လုံးနဲ့ ဇူလိုင်လ (၄)ရက်နေ့မှာ အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း (၄)လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နောင်ချိုမြို့ရှိ ဒုံးတပ်စခန်းမှာ TNLA၊ DPLA နဲ့ MDY-PDF ဝို့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတသ်းထုတ်ပြန်ထားချက်အရ သိရပါတယ်။