နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဆိုတော် လေးဖြူကို လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့နဲ့ လူထုကို အမြန်ဆုံးတောင်းပန်ဖို့ တော်လှန်ရေးအင်အားစုတွေတိုက်တွန်း

ဇူလိုင်လ (၅)ရက်။

Boycott(BC)ကို မသိဘူးဆိုပြီး လှောင်ပြောင်ပြောဆိုခဲ့တဲ့ အဆိုတော် လေးဖြူအနေနဲ့ ကိုယ့်စကားကို တာ၀န်ယူကာ လူထုကို ‌အမြန်ဆုံးတောင်းပန်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဒီကနေ့မှာ တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။

အဆိုတော်လေးဖြူဟာ စားသောက်ဆိုင်တစ်ခုမှာ ဖျော်ဖြေနေချိန် Boycott(BC)ဆိုတာ မသိသလို A-Z လဲ နားမလည်ဘူးလို့ လှောင်ပြောင်ပြောဆိုခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်‌ပြောဆိုနေကြပါတယ်။

အခုလို လူထုဒုက္ခရောက်နေတဲ့အချိန်မှာ နိုင်ငံကျော် အနုပညာရှင်တစ်ဦးအနေနဲ့ အခုအခြေအနေတွေကို သတိမမူဘဲ လူထုကို လှောင်ပြောင်တာဟာ နိုင်ငံရဲ့ ပကတိအရှိတရားနဲ့ တော်လှန်သံတွေကို မျက်ကွယ်ပြုတာလို့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့)က ဖော်ပြထားပါတယ်။

“ သူ့ဘာသာ ဖျော်ဖြေပြီးပြန်သွားရင် အခြေအနေက အခုလိုဖြစ်လာစရာမရှိပါဘူး၊ သူ့ကို ဘယ်သူကမှမမေးဘဲ ယုန်ကလေးနှာစေးနေတယ် နိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှမသိပါဘူးဆိုပြီး ပြောချင်ပေမယ့် စကားရဲ့ ရည်ရွယ်ရာဟာ ခနဲ့တဲ့ဘက်ကို ဦးတည်သွားစေခဲ့တာပါ” လို့ ရေဘဝဲက ပြောဆိုထားပါတယ်။

အခုအခါ နိုင်ငံတ၀န်း တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲနေသလို စစ်တပ်က ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေကြတာကြောင့် စစ်ဘေးရှောင်အများအပြားရှိနေတာမှာ ဒီလိုပုဂ္ဂိုလ်မျိုးကို ပြတ်ပြတ်သားသား လူမှုရေးပြစ်ဒဏ်ခတ်ရမယ်လို့ တိုက်တွန်းထားပါတယ်။

‌အဆိုတော် လေးဖြူရဲ့ အခုလိုပြောဆိုခဲ့တဲ့အပေါ် တော်လှန်အနုပညာရှင်တွေဘက်ကလဲ ဝေဖန်ပြောဆိုတာတွေရှိနေပြီး လေးဖြူသီဆိုနေတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ သီချင်းအချို့ကိုလဲ သုံးစွဲခွင့်ပေးတာတွေကနေ တားမြစ်လာတဲ့အထိ ရှိနေပါတယ်။

“ လေးဖြူဆိုတာက ပြည်သူတွေ လေးစားပြီး နှစ်သက်ရတဲ့ အဆိုတော်တစ်ဦးပါ၊ သူ့အနေနဲ့က ဒီလိုပွဲတွေမှာ သီချင်းလိုက်မဆိုရလို့ပဲ ဆင်းရဲသွားမယ့်သူမျိုးမဟုတ်ပါဘူး၊ နောက်ဆုံး သူ့ဝါသနာအရ မဆိုရမနေနိုင်လို့ ဆိုရင်တောင် နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် တော်လှန်ရေးကို ပျက်ရယ်ပြုတဲ့စကားမျိုးပြောတာတော့ တော်တော်ဆိုးပါတယ်၊ လက်မခံနိုင်ပါဘူး” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်တပ်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေနဲ့ လုပ်ငန်းတွေအပါအ၀င် စစ်‌တပ်နဲ့ ပတ်သက်ဆက်နွယ်‌နေတဲ့ လူပုဂ္ဂိုလ်တွေကို တော်လှန်ပြည်သူတွေက လူမှုရေးပြစ်ဒဏ်နဲ့ Boycott လုပ်တာတွေ ပြုလုပ်လာခဲ့ကြတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 9 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 13 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 12 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်