နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ အထိုင်တပ်ရင်းကုန်းကြီးကို ချင်းပြည်အစိုးရပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့

ဩဂုတ်လ (၅)ရက်။

ဒီကနေ့ နံနက် (၉)နာရီခန့်မှာ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ခလရ(၂၆၉)တပ်ရင်းကုန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ CNF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီက အခိုင်အမာအထိုင်ချထားတဲ့ ခလရ(၂၆၉)ကို နှစ်ပတ်နီးပါးကြာ ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတွေ စွန့်ခွာထားတဲ့ ထန်တလန်မြို့ပေါ်ရှိ ခလရ(၂၆၉)တပ်ရင်းကုန်းမှာ စစ်ကောင်စီဟာ အခိုင်အမာတပ်စွဲထားပြီး မြို့ပေါ်က ဗျူဟာအရ အရေးပါတဲ့ နေရာ (၇)ခုမှာ စခန်းငယ်တွေ တည်ဆောက်ပြီး တပ်ဖြန့်ထားတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က တပ်ရင်းကုန်းကြီး မကျစေဖို့အတွက် ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ လေကြောင်းပစ်ကူတွေ အများအပြားပေးခဲ့ကာ စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါ။

အခုအခါမှာတော့ မြို့ထဲရှိ ဗျူဟာအရ အရေးပါတဲ့ ကင်းပုန်းစခန်းငယ် (၅)ခုအထိကို သိမ်းပိုက်ထားကာ စခန်း (၂)ခုသာ ကျန်ရှိတော့ပြီး မကြာမီ ထန်တလန်မြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်တော့မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ ခလရ(၂၆၉)တပ်ရင်းကုန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းနေပြီး လက်နက်ခဲယမ်းတွေလဲ သိမ်းဆည်းရမိခဲ့သလို တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုစစ်ဆင်ရေးတွေထဲ ချင်းပြည်အစိုးရအဖွဲ့လက်အောက်ခံ ချင်းတော်လှန်ရေးအင်အားစု တပ်ဖွဲ့ (၁၅)ဖွဲ့ခန့်က ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 11 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်
မြန်မာသတင်း

အခုနှစ်ထဲ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၄)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလ (၁၃)ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသမီး (၄၇)ဦးနဲ့
မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 34 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ကောင်စီဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်က လွှတ်တော်ဥက္ကဋ္ဌ၊
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 34 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တကူရွာထဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ရွာရှိ အထက်တန်းပြ
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 25 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့