နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 4 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ဩဂုတ်လ (၅)ရက်။

ဒီကနေ့ နေ့လယ် (၃)နာရီအချိန်က TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၅) ဈေးဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံး (၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် (၂)လုံး ဗုံးစထိမှန်ကာ မီးလောင်ကျွမ်းခဲ့တယ်လို့ ကနဦးဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကွတ်ခိုင်မြို့ရှိ မြို့မဈေးဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့မဈေး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကွတ်ခိုင်မြို့ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူထိခိုက်သေဆုံးတာတွေရှိနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါ။

ရှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး” ရဲ့ ပထမပိုင်းထဲ တအာင်းတပ်မတော်(TNLA)က ကွတ်ခိုင်မြို့အပါအ၀င် မြို့နယ် (၇)မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 0 Views
မတ်လ (၄) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အနောက်နိုင်ငံတွေကနေ ပိတ်ဆို့အရေးယူမှုများ ရင်ဆိုင်နေရပြီး အထီးကျန်ဆန်နေချိန်မှာ မော်စကိုနဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစေဖို့
မြန်မာသတင်း

ရေစကြိုမြို့မှာ ခရီးသွားလာရင်း ပေါ်တာဆွဲခံရပြီး စစ်သားစုဆောင်းခံရသူ (၄)ဦး အလင်းဝင်လာ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 1 Views
မတ်လ (၄)ရက်။ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၈)တပ်ရင်းက စစ်ကောင်စီတပ်သား (၄)ဦး အလင်းဝင်လာခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြန်မာစစ်ပြေးဒုက္ခသည်တွေကို စစ်ကောင်စီထံ ပြန်ပို့်မယ်ဆိုပြီး အိန္ဒိယက ခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 3 Views
မတ်လ (၄)ရက်။ အိန္ဒိယရှိ ပြည်နယ်အချို့မှာ မြန်မာစစ်ပြေးဒုက္ခသည်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်ပို့မယ်ဆိုကာ ခြိမ်းခြောက်တာတွေ ခံ‌နေရတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ အိန္ဒိယနိုင်ငံမှာ မြန်မာစစ်ပြေးဒုက္ခသည်တွေကို
မြန်မာသတင်း

မြိုင်မှာ အညာဒူဘိုင်းကိစ္စအပြီး အရေးယူကန့်သတ်ချက်‌တွေ မြိုင်ပကဖ ညွှန်ကြား

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 3 Views
မတ်လ (၄)ရက်။ မြိုင်မြို့နယ်ထဲ အညာဒူဘိုင်းသတင်းကိစ္စ ပေါ်ပေါက်လာပြီးနောက် ပြည်သူတွေအပေါ် အရေးယူကန့်သတ်တဲ့ ညွှန်ကြားချက်တွေကို ‌မနေ့ကစပြီး မြိုင်ပကဖက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြိုင်နယ်ထဲ အညာဒူဘိုင်းသတင်းကိစ္စအပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခံနေရတာကို ရည်ညွှန်းတာဆိုပြီး ဗိုလ်လက်ယာက လက်မှတ်ရေးထိုးကာ
မြန်မာသတင်း

ရုရှားနဲ့ မြန်မာစစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့ဖို့ နိုင်ငံတကာကို Justice for Myanmar တောင်းဆို

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 5 Views
မတ်လ (၄)ရက်။ ရုရှားနဲ့ မြန်မာစစ်အုပ်စုရဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ဖို့ နိုင်ငံတကာအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice for Myanmar က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မနေ့က မတ်လ (၃)ရက်နေ့ကစပြီး စစ်ခေါင်းဆောင်
မြန်မာသတင်း

‌YPDF နဲ့ ယောတပ်တော်(YA)တို့ တပ်ပေါင်းစုအနေနဲ့ ပေါင်းစည်းတိုက်ပွဲဝင်သွားမယ်လို့ဆို

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 8 Views
‌မတ်လ (၄)ရက်။ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)နဲ့ ယောတပ်တော်(YA)တို့ တပ်ပေါင်းစုတခုအနေနဲ့ ပေါင်းစည်းပြီး အတူတိုက်ပွဲဝင်သွားမယ်လို့ YA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ စစ်အာဏာရှင်ပြုတ်ကျဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် တိုင်းရင်းသားပြည်သူတရပ်လုံး ကြိုးပမ်းနေတဲ့အချိန်ဖြစ်ကာ ဖက်ဒရယ်ဆိုတဲ့ အနှစ်သာရကို
မြန်မာသတင်း

ကြို့ပင်ကောက်မြို့မှာ စစ်မှုထမ်းကြေးကောက်တဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 20 Views
မတ်လ (၃)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေ (၄)နာရီအချိန်က ကြို့ပင်ကောက်မြို့ ရွှေပန်းတောကျေးရွာနေ ကျွန်းနက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သောင်းကြည်ကို ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်မှုထမ်းကြေးကောက်ဖို့ဆိုပြီး သူ့တပည့်နဲ့
မြန်မာသတင်း

(၄)ရက်တာ တံတားဦးနဲ့ နွားထိုးကြီးမြို့ တိုက်ပွဲထဲ စစ်ကောင်စီ (၂၀)ထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 22 Views
မတ်လ (၃)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကနေ မတ်လ (၂)ရက်နေ့အထိ တံတားဦးနဲ့ နွားထိုးကြီးမြို့က တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်း သေဆုံးပြီး (၈)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ