နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

စက်တင်ဘာလ (၅)ရက်။

ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ နံနက် (၉)နာရီကျော်လောက်စပြီး နန်းမယ်ခုံအနီး၀န်းကျင်ကို ဗုံး (၃)လုံး ကြဲချသွားတာ။ လေယာဉ်နဲ့လဲ စက်လက်နက်တွေနဲ့ ပစ်သွားသေးတယ်။ ပြည်သူ ထိခိုက်သေဆုံးတာရှိတယ်၊ လတ်တလောတော့ သေချာမသိရသေးဘူး” လို့ ဒီမော့ဆိုမြို့နေသူတစ်ဦးက ဆိုပါတယ်။

နန်းမယ်ခုံဒေသဟာ လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့ကြားမှာ တည်ရှိပြီး စစ်ကောင်စီရဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့ပေါ်မှာ နံနက်ပိုင်းအချိန်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ပျံသန်းခဲ့ပြီးနောက် နန်းမယ်ခုံဒေသကို ပေါင် (၅၀၀)ဗုံး (၃)လုံး ကြဲချတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

မနေ့က လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိချိန်ကလဲ မြို့အနောက်ဘက်ရှိ ဘုရားဖြူကျေးရွာကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သေးကာ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

‌စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို ရောက်ရှိနေတာကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းကြိုတင်ရရှိတာကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 15 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 48 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 70 Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ် (၆၀၆)စစ်ဦးစီးတပ်အနေနဲ့ ရှမ်းမြောက်က ညီနောင်မဟာမိတ်(၆၁၁) တိုင်းရင်းသားတပ်မဟာမှာ စစ်ပညာသင် တာဝန်ထမ်းဆောင်ပြီး
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

MOD က အကူအညီပေးမယ်ဆိုပြီးပြောပေမယ့် (၉)လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ မိုးဗြဲ-PDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 75 Views
ဇန်နဝါရီလ (၃)ရက်။ MOD က စစ်ရေးမဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ပြောဆိုထားပေမယ့် (၉)လကျော်ကြာတဲ့အထိ တစုံတရာ လက်ခံရရှိတာ မရှိသေးဘူးလို့ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲ-PDF(၂))ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ MOD စစ်ရေးချုပ် ဒေါက်တာယင်းမာကိုယ်တိုင် မြေပြင်လာပြီးတော့ ကျနော်တို့အပါအဝင်
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

အခုနှစ်ထဲ ကရင်နီပြည်ရှိ စစ်ကောင်စီစခန်းတွေ အပြီးသိမ်းနိုင်ဖို့ လုပ်ဆောင်မယ်လို့ KNDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 74 Views
ဇန်နဝါရီလ (၂)ရက်။ အခု ၂၀၂၅ခုနှစ်ထဲ ကရင်နီပြည်နယ်ရှိ စစ်ကောင်စီစခန်းတွေကို အပြီးသတ် သိမ်းပိုက်သွားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီ ၂၀၂၅ထဲမှာ ကျွန်တော်တို့ပြည်နယ်ထဲက စခန်းတွေကို
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

နှစ်သစ်ကူးနေ့ လွိုင်ကော်ရှိ စစ်ရှောင်စခန်း ပေါင်(၅၀၀)ဗုံးနဲ့ ကြဲခံရ၊ (၃)နှစ်အရွယ် စစ်ရှောင်ကလေးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 78 Views
ဇန်နဝါရီလ (၁)ရက်။ မနေ့က နှစ်သစ်ကူးနေ့ ‌ညနေ (၄)နာရီအချိန်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ဆင်စခန်းစစ်ဘေးရှောင်စခန်း ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မနေ့က ညနေ (၄)နာရီလောက် လွိုင်ကော်အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ရှောင်စခန်းကို လေကြောင်းကနေညပေါင်
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ မယ်လယုခံစစ်စခန်းက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 95 Views
ဒီဇင်ဘာလ (၃၀)ရက်။ ကရင်နီပြည်၊ ဆိုတရှားမြို့ရှိ မယ်လယုခံစစ်စခန်းကနေ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ (၂၈)ရက်နေ့က ဆုတ်ခွာသွားကြတယ်လို့ ကရင်နီပြည်တပ်မတော်(KA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လယုစခန်းက စစ်ကောင်စီတပ်ရဲ့ ခမရ(၁၃၄)တပ်သားတွေ ဆုတ်ခွာသွားတာ။ အဲ့ဒီနေ့