နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

စက်တင်ဘာလ (၅)ရက်။

ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“နံနက် (၉)နာရီကျော်လောက်စပြီး နန်းမယ်ခုံအနီး၀န်းကျင်ကို ဗုံး (၃)လုံး ကြဲချသွားတာ။ လေယာဉ်နဲ့လဲ စက်လက်နက်တွေနဲ့ ပစ်သွားသေးတယ်။ ပြည်သူ ထိခိုက်သေဆုံးတာရှိတယ်၊ လတ်တလောတော့ သေချာမသိရသေးဘူး”လို့ ဒီမော့ဆိုမြို့နေသူတစ်ဦးက ဆိုပါတယ်။

နန်းမယ်ခုံဒေသဟာ လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့ကြားမှာ တည်ရှိပြီး စစ်ကောင်စီရဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့ပေါ်မှာ နံနက်ပိုင်းအချိန်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ပျံသန်းခဲ့ပြီးနောက် နန်းမယ်ခုံဒေသကို ပေါင် (၅၀၀)ဗုံး (၃)လုံး ကြဲချတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

မနေ့က လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိချိန်ကလဲ မြို့အနောက်ဘက်ရှိ ဘုရားဖြူကျေးရွာကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သေးကာ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

‌စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို ရောက်ရှိနေတာကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းကြိုတင်ရရှိတာကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 28 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 51 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 70 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
1111 စစ်ဆင်ရေး (ကယား)

မိုးဗြဲအနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 236 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လာမောက်လာရွာနဲ့ လွယ်ယင်းမင်္ဂလာရွာထဲ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မိုးဗြဲ-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “နယ်မြေစိုးမိုးဖို့အတွက် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ PNO
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 280 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က မနေ့က NCA (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 1.22K Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်ရရှိဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး လူအင်အားတွေ၊
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 458 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “တနိုင်ငံလုံးလွတ်မြောက်ဖို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1.24K Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ ပေါင်းစည်းဖွဲ့စည်းမယ့် ချင်းအမျိုးသားကောင်စီ Chin National Council (CNC)နဲ့ လက်တွဲသွားမယ်လို့ KNPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုရက်ပိုင်းထဲ နှစ်ဖွဲ့ကွဲနေတဲ့ ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့