အောက်တိုဘာလ (၅)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က လားရှိုးမြို့၊ မယ်ဟန် ကွန်ပျူတာတက္ကသိုလ်အနီးတဝိုက်ကို စစ်ကောင်စီက ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မယ်ဟန် ကွန်ပျူတာတက္ကသိုလ်အနီးကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်တာ ပြုလုပ်သွားတာ၊ တက္ကသိုလ်ရဲ့ အိပ်ဆောင်က အဆောက်အဦးတွေနဲ့ အနီးကအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်” လို့ ဆိုပါတယ်။
မယ်ဟန် ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် တက္ကသိုလ်ရဲ့ အိပ်ဆောင် အဆောက်အအုံနဲ့ အနီးက နေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာကို လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီရဲ့ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေဟာ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးအများအပြား ကြဲချခဲ့တဲ့ဖြစ်စဉ်ထဲ အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးကန့်တပ်(MNDAA)က ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေသလို အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဘက်က နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေကာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။